Trending Now

ယူကရိန်းကို ဂျာမနီနိုင်ငံက Leopard 2 တင့်ကားတွေ ပထမအကြိမ်ရောက်ရှိ

Spread the love

ယူကရိန်းကို ဂျာမနီနိုင်ငံက Leopard 2 တင့်ကားတွေ ပထမအကြိမ်ရောက်ရှိ

EPN
နိုင်ငံတကာ၊ မတ် ၂၈

ဂျာမနီနိုင်ငံက ထောက်ပံ့တဲ့ Leopard 2 တင်ကား ပထမအသုတ်ကို ယူကရိန်းက လက်ခံရရှိခဲ့တယ်လို့ ယူကရိန်းသတင်းဌာနက မတ်လ ၂၇ ရက်နေ့က ဖော်ပြခဲ့ပါတယ်။

ဂျာမနီလုပ် တင့်ကားတွေကို ထောက်ပံ့ပေးဖို့ ဘာလင်က ဆုံးဖြတ်ပြီး နှစ်လအကြာမှ ယူကရိန်းနိုင်ငံကို လွဲပြောင်းပေးအပ်ခဲ့တာလို့ ဆိုပါတယ်။

ယူကရိန်းကို လွဲပြောင်းပေးအပ်ခဲ့တဲ့ တင့်ကားအရေအတွက်ကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

ဂျာမနီနိုင်ငံက ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း Leopard 2 တင့်ကားတွေ ယူကရိန်းကို ထောက်ပံ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ယူကရိန်းကို ထောက်ပံ့ဖို့ ပြင်ဆင်နေတဲ့ အခြားနိုင်ငံတွေကို မီးစိမ်းပြလိုက်တာဖြစ်ပါတယ်။

ဂျာမနီက ယူကရိန်းကို Leopard 2A6 တင့်ကား ၁၈ စီး ပေးပို့ဖို့ ရည်ရွယ်ထားတယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ref; xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။