Trending Now

တနိုင်းမြို့နယ် မကောကျေးရွာအုပ်စု လမုန်ကျေးရွာတွင် နံနက်ခင်းဈေးဖွင့်လှစ်ပေးသွားမည်

Spread the love

တနိုင်းမြို့နယ် မကောကျေးရွာအုပ်စု လမုန်ကျေးရွာတွင် နံနက်ခင်းဈေးဖွင့်လှစ်ပေးသွားမည်

EPN
တနိုင်း၊ ဇန်နဝါရီ ၂၃

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် မကောကျေးရွာအုပ်စု၊ လမုန်ကျေးရွာတွင် ဒေသခံပြည်သူများ တောင်းဆိုမှုများအရ လမုန်ကျေးရွာ လမ်းမကြီးဘေးတွင် နံနက်ခင်းဈေး ဖွင့်လှစ် ပေးသွားမည်ဟု တနိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ သိရသည်။

မကောကျေးရွာအုပ်စု လမုန်ကျေးရွာမှ ဒေသခံပြည်သူများသည် သုံးမိုင်ကျော် ဝေးသည့် တနိုင်းမြို့သို့ နေ့စဉ် ဈေးဝယ်၊ ဈေးရောင်းသွားလာနေကြရသဖြင့် ဒေသခံပြည်သူများ တောင်းဆိုမူအရ ဒေသခံ ပြည်သူများ အဆင်ပြေစေရန်အတွက် ရပ်မိရပ်ဖ ဌာနဆိုင်များ ပူးပေါင်း၍ လမုန်ကျေးရွာလမ်းမကြီး‌ဘေးတွင် နံနက်ခင်းဈေး ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း တနိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

“လမုန်ကျေးရွာ လမ်းမကြီးဘေးမှာ မနက်ဈေး ဖွင့်လှစ်ပေးပါမယ် ဒီလ ၂၅ ရက်နေ့ စတင်ဖွင့်ပေးမယ် ‌ အဓိကကတော့ ဒေသခံပြည်သူတွေ တောင်းဆိုမူကြောင့် လုပ်ပေးတာပါ။ ပြီးတော့ သုံးမိုင်ကျော်ဝေးတဲ့နေရာကို သွားရတော့ စက်သုံးဆီဖိုးလည်းကုန်တယ် ဒါတွေအဆင်ပြေစေဖို့ လမုန်ကျေးရွာမှာ မနက်ဈေး ဖွင့်ပေးရတာဖြစ်တယ် “ဟု ၎င်းက ဆိုသည်။

အဆိုပါ နံနက်ခင်းဈေးကို ဇန်နဝါရီ (၂၅) ရက်နေ့မှာ စတင်ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ယင်းဈေးကို နံနက် ၅နာရီမှ မနက် ၈နာရီအချိန်ထိ ကန့်သတ်ချက်ဖြင့် ဖွင့်ပေးသွားမည်ဟု သိရသည်။

တနိုင်းမြို့နယ် မကောကျေးရွာအုပ်စု၊ လမုန်ကျေးရွာတွင် အိမ်ထောင်စု (၁၂၀၀)၊လူဦးရေ (၇၀၀၀)ကျော် ရှိကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။