Trending Now

ဥရောပတွင် ရှရှားလောင်စာစွမ်းအင်တင်သွင်းမှုလျော့ချရန် ယူရို ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံ

Spread the love

ဥရောပတွင် ရှရှားလောင်စာစွမ်းအင်တင်သွင်းမှုလျော့ချရန် ယူရို ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံ

EPN
နိုင်ငံတကာ၊ မေ ၂၄

ဥရောပတွင် ရုရှားနိုင်ငံမှ လောင်စာစွမ်းအင်တင်သွင်းနေရခြင်းကို လျော့ချနိုင်ရန်အတွက် ဥရောပကော်မရှင်က ယူရို ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို စတင်စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဥရောပကော်မရှင် ဥက္ကဌ က LGN ကဲသို့သော အခြေခံဂက်စ် အဆောက်အအုံတည်ဆောက်ရန်အတွက် ယူရို ၁၀ ဘီလီယံကို စတင်ရင်းနှီးမြှုပ်နှံဆောင်ရွက်မည်ဖြစ်ပြီး ၂၀၃၀ ခုနှစ်တွင် ယူရို ၃၀၀ ဘီလီ ယံထိ ရောက်ရှိရန်အတွက် ထောက်ပံ့ငွေနှင့် ချေးငွေတို့ကို အသုံးပြုပြီး တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဥရောပ (၂၇) နိုင်ငံ ခေါင်းဆောင်များက ဂက်စ်၊ LNG နှင့် ဟိုက်ဒရိုဂျင်များကို ဖက်စပ်ပူးပေါင်းဝယ်ယူရန်အတွက် ပလက်ဖောင်းတစ်ခုတည်ဆောက်ရန် သဘောတူညီချက်ရှိထားကြောင်း သိရသည်။

ဥရောပဒေသ စွမ်းအင်လုံလောက်စွာရရှိမှုကို ၂၀၃၀ ခုနှစ်တွင် ၉ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားရန်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် လုံလောက်မှုကို ၄၀ ရာခိုင်နှုန်းမှ ၄၅ ရာခိုင်နှုန်းသို့ တိုးမြှင့်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

ရုရှားနိုင်ငံမှ ကျောက်မီးသွေးတင်သွင်းခြင်း တားမြစ်မှုကို လာမည့်ဩဂုတ်လတွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး ဂက်စ်တင်သွင်းမှု၏ သုံးပုံ နှစ်ပုံ ကန့်သတ်တားမြစ်ခြင်းကို ယခုနှစ်ကုန်ပိုင်းတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း ဟန်ဂေရီနိုင်ငံနှင့် အခြားကုန်းတွင်းပိတ် နိုင်ငံများအနေဖြင့် ရုရှားရဲ့ လောင်စာဆီတင်သွင်းမှု ကန့်သတ်ချက်များအပေါ် လိုက်ပါဆောင်ရွက်ရန် အခက်အခဲများရှိနေကြဆဲဖြစ်ကြောင်း သိရသည်။

ဥရောပ၏ စွမ်းအင်လိုအပ်ချက်ဖြစ်သည့် သဘာဝဓာတ်ငွေ့ ၄၀ ရာခိုင်နှုန်းခန့်နှင့် ရေနံ ၂၇ ရာခိုင်နှုန်းသည် ရုရှားနိုင်ငံပေါ်မှီခိုနေရခြင်းကြောင့် ပိတ်ဆို့အရေးယူမှုလုပ်ဆောင်ရန် အခက်အခဲများစွာနဲ့ ရုန်းကန်နေရဆဲဖြစ်ကြောင်း သိရသည်။

Source – aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။