Trending Now

ဖားကန့်မြို့နယ် ရဲတပ်ရင်း (၃၀) ဝန်းအတွင်း ဗုံးနှစ်လုံးပေါက်ကွဲမှုဖြစ်ပွား

Spread the love

ဖားကန့်မြို့နယ် ရဲတပ်ရင်း (၃၀) ဝန်းအတွင်း ဗုံးနှစ်လုံးပေါက်ကွဲမှုဖြစ်ပွား

EPN

မြစ်ကြီးနား၊ နိုဝင်ဘာ ၈

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယမန့်နေ့ နိုဝင်ဘာလ (၇)ရက်နေ့ (တန်ဆောင်တိုင်ည) ညနေ (၅)နာရီခန့်က ရဲတပ်ရင်း (၃၀) ဝန်းအတွင်း ဗုံးနှစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗုံးပေါက်ကွဲခဲ့သည့်နေရာမှာ ဆိုင်းတောင်းကျေးရွာအုပ်စု ဖားကန့် ရဲတပ်ရင်း (၃၀) စခန်းကုန်း ဝန်းအတွင်းဖြစ်ပြီး ရဲအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးကပြောသည်။

“ မနေ့က ညနေ (၅)နာရီလောက်မှာဖြစ်သွားတာ နှစ်လုံးကွဲသံကြားလိုက်ရတယ်၊ ရှေ့ဆင့်နောက်ဆင့်ပဲ ၊ ကွဲတာ ၊ ထိခိုက်မှုတော့မသိရဘူး၊ အဝေးကပစ်တယ်လို့ကြားရတယ်၊အထဲကိုကျတော့ ရဲတစ်ချို့ထိသွားတယ်ကြားတယ်” ဟု ၎င်းကပြောသည်။

ယင်းနောက် ည(၈)နာရီခွဲတွင် ရဲတပ်ရင်း (၃၀) စခန်းကုန်းအနီး တစ်ဝိုက် သေနတ်သံမျာကြားခဲ့ရပြီး နာရီဝက်ခန့်အကြာ ရပ်တန့်သွားခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ (၄)ရက်နေ့ ညနေ (၅)နာရီခွဲခန့်က မှော်ဝမ်းရပ်ကွက် ရှိ မြန်မာ့စီးပွားရေးဘဏ်အနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ဘဏ်လုံခြုံရေးစောင့်နေသည့် ရဲတပ်ဖွဲ့ဝင် (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။