Trending Now

လက်လုပ်သေနတ် လုပ်နည်းတွေကို YouTube တင်ပြီး တစ်လကို ဘတ်ငွေ သုံးသိန်းကျော်ရရှိနေတဲ့ ထိုင်းအမျိုးသား ဖမ်းဆီးခံရ

Spread the love

လက်လုပ်သေနတ် လုပ်နည်းတွေကို YouTube တင်ပြီး တစ်လကို ဘတ်ငွေ သုံးသိန်းကျော်ရရှိနေတဲ့ ထိုင်းအမျိုးသား ဖမ်းဆီးခံရ

EPN
နိုင်ငံတကာ၊ မေ ၁၄

လက်လုပ်သေနတ်လုပ်နည်းတွေကို YouTube ပေါ်တင်ခဲ့တဲ့ အသက် ၄၃ နှစ်အရွယ် ထိုင်းအမျိုးသား ကရစ်ဆာကွန်း ဆိုသူကို သူနေထိုင်ရာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ မှာ ရဲတပ်ဖွဲ့က မေလ ၁၃ ရက်နေ့ကဖမ်းဆီးလိုက်ပါတယ်။

ကရစ်ဆာကွန်က YouTube မှာ ချန်နယ်ထူထောင်ပြီး သေနတ်ထုတ်လုပ်ပုံ၊ အသုံးပြုပုံ၊ နဲ့ စိတ်ဝင်စားသူတွေကို ရောင်းချနေခဲ့တာ ၃ နှစ်ကြာခဲ့ပြီဖြစ်လို့ ရဲတပ်ဖွဲ့က စုံစမ်း ရှာဖွေရာက ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

သူနေထိုင်ရာ အိမ်တွင်းကနေ ထိုင်းပရာဒစ်လေဆော့ရိုင်ဖယ် ၁၃ လက် အပါအဝင် ဝ.၂၂ အရွယ် သေနတ် ၁ လက်၊ ၉ မီလီမီတာ ပစ္စတို ၁ လက်နဲ့အတူ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

သူဟာ သုံးနှစ်အတွင်း လေသေနတ်တစ်ခုကို ဘတ် ၅၅၀၀ နဲ့ ၈၀၀၀ ကြား ဈေးနဲ့ရောင်းချခဲ့ပြီး တစ်လကို ဘတ်ငွေ သုံးသိန်းကျော် ရရှိခဲ့တယ်လို့ ဝန်ခံခဲ့ကြောင်း ရဲတပ်ဖွဲ့က ဖော်ပြထားပါတယ်။

ref; mgronline

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။