Trending Now

တောင်ကိုးရီးယားနဲ့ အမေရိကန်တပ်တွေဟာ မြောက်ကိုရီးယားနဲ့ နယ်စပ်အနီးမှာ ပစ်ခတ်မှု ပြင်းထန်တဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေ

Spread the love

တောင်ကိုးရီးယားနဲ့ အမေရိကန်တပ်တွေဟာ မြောက်ကိုရီးယားနဲ့ နယ်စပ်အနီးမှာ ပစ်ခတ်မှု ပြင်းထန်တဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေ

EPN
နိုင်ငံတကာ၊ မေ ၂၅

တောင်ကိုးရီးယားနဲ့ အမေရိကန်တပ်တွေဟာ မြောက်ကိုရီးယားနဲ့ နယ်စပ်အနီးမှာ ပစ်ခတ်မှု ပြင်းထန်တဲ့ စစ်ရေးလေ့ကျင့်မှုတွေ ဒီနေ့ မေလ ၂၅ ရက်နေ့မှာ ပြုလုပ်နေခဲ့တယ်လို့ အေပီသတင်းက ဖော်ပြပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်ပြီး ကျူးကျော်မှု အစမ်းလေ့ကျင့်တဲ့ စစ်ရေးလေ့ကျင့်မှုတွေအဖြစ် မြောက်ကိုရီးယားက သတ်မှတ်ထားပြီး စစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ သတိပေးထားပါတယ်။

အခုစစ်ရေးလေ့ကျင့်မှုဟာ ဝါရှင်တန်ကြား စစ်ရေးမဟာမိတ် ထူထောင်ခဲ့တဲ့ နှစ် ၇၀ ပြည့် အထိမ်းအမှတ်ဖြစ်ပြီး ဇွန်လအလယ်ထိ ပြုလုပ်သွားမယ့် အပစ်အခတ် ရပ်စဲရေး လေ့ကျင့်မှု ငါးကြိမ်အနက် ပထမအကြိမ် စစ်ရေးလေ့ကျင့်မှုဖြစ်ပါတယ်။

မြောက်ကိုရီးယားက အခုလိုစစ်ရေးလေ့ကျင့်မှုတွေကို ဒုံးကျည် နဲ့ အခြားလက်နက်စမ်းသပ်မှုတွေနဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကို တုံ့ပြန်လေ့ရှိပါတယ်။

မြောက်ကိုရီးယားဟာ ၂၀၂၂ ခုနှစ်အစကတည်းက ဒုံးကျည်ပေါင်း ၁၀၀ ကျောက်ကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ဧပြီလယ်မှာ ပစ်လွတ်ခဲ့တဲ့ လောင်စာဆီးသုံး တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်ပြီးနောက်ပိုင်း ငြိမ်သက်နေခဲ့တာဖြစ်ပါတယ်။

Ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။