Trending Now

မြောက်ကိုရီးယားက နျူကလီးယားလက်နက်တည်ဆောက်ရေး မူဝါဒကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တရားဝင်ထည့်သွင်းပြဌာန်း

Spread the love

မြောက်ကိုရီးယားက နျူကလီးယားလက်နက်တည်ဆောက်ရေး မူဝါဒကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တရားဝင်ထည့်သွင်းပြဌာန်း

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂၈

မြောက်ကိုရီးယားရဲ့ ဥပဒေပြုလွတ်တော်က နိုင်ငံရဲ့နျူကလီးယားလက်နက်အင်အား တည်ဆောက်ရေး မှုဝါဒကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တရားဝင်ထည့်သွင်းပြဌာန်းလိုက်ကြောင်း နိုင်ငံပိုင် KCNA သတင်းက ဖော်ပြထားပါတယ်။

” မြောက်ကိုရီးယားရဲ့ နျူကလီးယား စွမ်းအားတည်ဆောက်ရေး မူဝါဒကို နိုင်ငံတော်ရဲ့ အခြေခံ ဥပဒေအဖြစ် အမြဲတမ်း ချမှတ်ထားပြီး၊ ဘယ်သူကမှ နှောင့်ယှက်ခွင့် မရှိပါဘူး” လို့ ဂျုံအန်းက ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီယားက နိုင်ငံလုံခြုံရေးအတွက် ပြင်းထန်တဲ့ ခြိမ်းခြောက်မှု ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ ရန်စမှုတွေ ရှိလာပါက ကာကွယ်မှုအဖြစ် နျူကလီးယားလက်နက်ကို အသုံးပြုခွင့်ပေးထားတဲ့ ဥပဒေတစ်ရပ်ကိုလည်း ပြီးခဲ့တဲ့နှစ်က အတည်ပြုခဲ့ပါသေးတယ်။

“ဒါဟာ နိုင်ငံတော် ကာကွယ်ရေး စွမ်းရည်ကို သိသိသာသာ အားကောင်းစေဖို့အတွက် ပံ့ပိုးပေးတဲ့ သမိုင်းဝင် ဖြစ်ရပ်တစ်ခုပါ” လို့ ကင်ဂျုံအန်းက ပြောဆိုခဲ့ကြောင်း KCNA က ဖော်ပြထားပါတယ်။

“အမေရိကန်၊ တောင်ကိုရီယားနဲ့ ဂျပန်တို့က “တြိဂံပုံစံ စစ်ရေးမဟာမိတ်” တစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး နောက်ဆုံးတော့ စစ်ပွဲနဲ့ ရန်လိုမှုတွေရဲ့ မူလဇစ်မြစ်ဖြစ်တဲ့ “အာရှပုံစံနေတိုး” ပုံစံပေါ်ပေါက်လာခဲ့ပါတယ်။ ဒါဟာ အဆိုးဆုံးခြိမ်းခြောက်မှုပါပဲ” လို့ မြောက်ကိုရီယားခေါင်းဆောင်က ပြောပါတယ်။

အခုအခါ မြောက်ကိုရီးယားက ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါ နျူကလီးယားလက်နက်ပိုင်ဆိုင်မှုကို ထည့်သွင်းလိုက်တဲ့အတွက် နျူကလီးယားလက်နက် ဖျက်သိမ်းရေး မျှော်လင့်ချက်တွေ ပိုမိုလျော့နည်းလာတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

အခုနှစ်အတွင်း မြောက်ကိုရီးယားက စံချိန်တင်လက်နက်စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပြီး ကင်ဂျုံအန်းက အမေရိကန်ရဲ့ ရန်စမှုတွေကို ဟန့်တားဖို့အတွက် နျူကလီးယားလက်နက် ထုတ်လုပ်မှုကို အရှိန်မြှင့်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ref; CNA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။