Trending Now

အင်းတော်ကြီးဒေသတွင် Covid-19 ရောဂါကာကွယ်ရေး ပညာပေးလက်ကမ်း စာစောင်များကို ပြည်ခိုင်ဖြိုးပါတီဝင်များမှဖြန့်ဝေ

Spread the love

အင်းတော်ကြီးဒေသတွင် Covid-19 ရောဂါကာကွယ်ရေး ပညာပေးလက်ကမ်း စာစောင်များကို ပြည်ခိုင်ဖြိုးပါတီဝင်များမှဖြန့်ဝေ

EPN
အင်းတော်ကြီး၊ မတ် ၂၆

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် Covid-19 ရောဂါကာကွယ်ရေး ပညာပေး လက်ကမ်းစာစောင်များကို ပြည်ခိုင်ဖြိုးပါတီဝင်များမှ ဖြန့်ဝေခဲ့သည်ဟု အင်းတော်ကြီးဒေသ တာဝန်ခံထံမှသိရသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးကျော်စိုးလေး နှင့်အတူ မိုးညှင်းမြို့နယ် ပါတီကော်မတီ အတွင်းရေးမှူး ဦအောင်မိုး၊ အင်းတော်ကြီးဒေသတာဝန်ခံ ဦးမောင်မောင်နှင ့်မြို့နယ်ပါတီကော်မတီဝင်များ လိုက်ပါ၍ မတ်လ ၂၆ ရက် နံနက် ၁၀ နာရီအချိန်တွင် အင်းတော်ကြီးမြို့ (လုံးတုံ) ကားလမ်းမကြီးပေါ်တွင် Covid-19 ရောဂါကာကွယ်ရေး ပညာပေးလက်ကမ်းစာစောင်များကို ခရီးသွားပြည်သူလူထုများအား ပြည်ခိုင်ဖြိုးပါတီဝင်များမှ ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ဟုသိရသည်။

အခုလိုပြုလုပ်ရတာဟာ မိမိတို့ ပြည်သူပြည်သားများ Covid-19 ရောဂါကာကွယ်ရေးအတွက် ကြိုတင်ကာကွယ်တတ်စေရန်အတွက် လက်ကမ်းစာစောင်များကို ဝေငှပေးခဲ့ခြင်းဖြစ်တယ်ဟု အင်းတော်ကြီးဒေသ ပြည်ခိုင်ဖြိုးပါတီတာဝန်ခံ ဦးမောင်မောင်က ပြောသည်။

ထိုသို့ ဖြန့်ဝေခဲ့ရာတွင် အင်းတော်ကြီးမြို့ရှိ စေတနာရှင် လူမှုကူညီရေးအသင်းမှလည်း ပူးပေါင်းပါဝင် ကူညီခဲ့ကြပြီး ဟိုပင်ဒေသ၊ နန်းမားဒေသ၊ မိုးညှင်းဒေသတို့၌လည်း ဆက်တိုက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နေကြာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။