Trending Now

ညဆယ်နာရီနောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးပေါ်က ဘိန်းဖြူဆပ်ပြာခွက်များ ဖမ်းဆီးရမိ

Spread the love

ညဆယ်နာရီနောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးပေါ်က ဘိန်းဖြူဆပ်ပြာခွက်များ ဖမ်းဆီးရမိ

EPN
ဟိုပင်၊ မေ ၈

ဟိုပင်မြို့ မြောက်ဘက်(၅)မိုင်ခန့် အကွာ မန္တလေး – မြစ်ကြီးနား သွား ကားလမ်းတွင်မေလ ၇ ရက်၊ ည ၁၀ နာရီခွဲ အချိန်ခန့်က ဟိုပင်မြို့ဘက်မှ မြစ်ကြီးနားမြို့ဘက်သို့ မောင်းနှင်လာသည့် AD VAN ကားပေါ်မှ ဘိန်းဖြူ ဆပ်ပြာခွက် (၄၄)ခွက် ဖမ်းဆီးရမိကြောင်း ဟိုပင်နယ်မြေရဲစခန်းထံမှ သိရသည်။

မူးယစ်ဆေးဝါး သယ်ဆောင်လာသည့် သတင်းအရ ဟိုပင်နယ်မြေစခန်းမှူး ဗိုလ်ဗိုလ်ကျော်၏ လမ်းညွန်မှုဖြင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင် ဗိုလ်ဗိုလ်ကျော်နှင့် တပ်ဖွဲ့၀င်များသည် သက်သေများနှင့် အတူ ဟိုပင်နှင့် ကြာကြီးကွင်း ကျေးရွာ အကြား နန့်ခွင်တံတားထိပ်မှ စောင့်ဆိုင်းနေစဉ် ငါးမိုင်ကျေးရွာဘက်မှ မြစ်ကြီးနားမြို့သို့ ယာဉ်မောင်း မင်းသူ မောင်းနှင်လာသည့် YGN/6H-***** NISSAN AD VAN ယာဉ်ကို ရပ်တန့်ရှာဖွေရာ ကားအလယ်ခန်းတွင် ဇော်ဒွဲ(ခ)အဒွဲနှင့် လမောင်ဂမ်တို့ လိုက်ပါလာပြီး ကားနောက်ခန်း အတွင်းမှ DEXFIL စာတမ်းပါ နက်ဝါကြား ခရီးဆောင်လက်ဆွဲအိတ်အတွင်းမှ စောင်နှင့် ထုတ်ထားသော Love is Flower စာတမ်းပါရောင်စုံဆပ်ပြာခွက်အတွင်းမှဘိန်းဖြူ ဟုယူဆရသည့်ဖြူ ဝါကြားအမှုန့် (၁၀)ဂရမ်ခန့်စီပါ ရောင်စုံဆပ်ပြာခွက်(၂၂)ခွက်အတွင်းမှ အလေးချိန်(၂၂၀)ဂရမ်ခန့်နှင့် အလားတူ Nan Viang စာတမ်းပါ အပြာရောင် ခရီးဆောင်အိတ်အတွင်းမှတိတ်အကြည်ဖြင့်ပတ်ထားသည့် Love is Flower စာတမ်းပါ ရောင်စုံ ဆပ်ပြာခွက်များအတွင်းမှ ဘိန်းဖြူ ဟုယူဆရသည့်ဖြူ ဝါကြားအမှုန့် (၁၀)ဂရမ်ခန့်စီပါ ဆပ်ပြာခွက် (၂၂)ခွက် အတွင်းမှ အလေးချိန် (၂၂၀)ဂရမ်ခန့် ထပ်မံရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် မူးယစ်ဆေးဝါးသယ်ဆောင်လာသည့် မော်တော်ယာဉ်နှင့်အတူ မူးယစ်ဆေးဝါး လက်၀ယ် တွေ့ရှိသူ ဇော်ဒွဲ(ခ)အဒွဲ၊ အသက် (၁၉)နှစ်၊ (ဘ)ဦးနော်အောင်၊ ရန်အောင်ရပ်ကွက်၊ နန်းမားမြို့ နေထိုင်သူ၊ လမောင်ဂမ်း၊ (၅၆)နှစ်၊ (ဘ)ဦးလမောင်နော်(လိပ်စာတူ) နှင့် မင်းသူ(၃၀)နှစ်၊ (ဘ)ဦးအောင်ခင် ခေမာသီရိရပ်ကွက်၊ မြစ်ကြီးနားမြို့ နေသူ ၄င်းတို့ (၃)ဦး အား ဟိုပင်နယ်မြေရဲစခန်းက မယ(ပ) ၃၈/၂၀၂၀ မူး/စိတ်ပုဒ်မ ၁၉(က) /၁၉(က)၂၁ အရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

မိုးဟိန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။