Trending Now

အမ်းမြို့၊ စစ်ဆေးရေးဂိတ်တွင် ခရီးသည်တင်ယာဉ်အတွင်းမှ တရားမဝင်ဘင်္ဂါလီအမျိုးသမီး (၄) ဦး ဖမ်းဆီးရမိ

Spread the love

အမ်းမြို့၊ စစ်ဆေးရေးဂိတ်တွင် ခရီးသည်တင်ယာဉ်အတွင်းမှ တရားမဝင်ဘင်္ဂါလီအမျိုးသမီး (၄) ဦး ဖမ်းဆီးရမိ

EPN
ရခိုင်၊ မေ ၂

ရခိုင်ပြည်နယ်၊ အမ်းမြို့၊ (၁) မိုင်ကုန်းစစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက ခရီးသည်တင်ယာဉ်အတွင်းမှ တရားမဝင် ဘင်္ဂါလီအမျိုးသမီး ၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အမ်းမြို့၊ (၁)မိုင်ကုန်း စစ်ဆေးရေးဂိတ်တွင် ပူးပေါင်းအဖွဲ့မှ ယာဉ်အဝင်/အထွက်များအား စစ်ဆေး နေစဉ် စစ်တွေမှ ရန်ကုန်သို့ ပြေးဆွဲသည့် မာန်သစ္စာခရီးသည်တင်ယာဉ် ယာဉ်အမှတ်၊ YGN 6C-1043 ယာဉ် အမျိုးအစား၊ HYUNDAI ယာဉ်မောင်း ဦးရဲရှိန် အသက် ၃၇ နှစ်နှင့် ယာဉ်နောက်လိုက် အောင်မြင့်ထွန်း ၃၂ နှစ်တို့ မောင်းနှင်သည့်ယာဉ်အား စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် တရားမဝင် ဘင်္ဂါလီအမျိုးသမီး ၄ ဦးအား စစ် ဆေးတွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိ ဘင်္ဂါလီအမျိုးသမီး ၄ ဦးအား လဝကရုံးသို့အပ်နှံခဲ့ပြီး၊ သယ်ဆောင်သူ ၂ ဦးကိုလည်း အမ်းမြို့မ ရဲစခန်းတွင် ဥပဒေအရ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။