Trending Now

မိုးညှင်းမြို့ အောင်ချမ်းသာရပ်ကွက်နေ လူငယ်တစ်ဦးထံမှ စိတ်ကြွဆေးပြား (၁၇၀)ပြား တွေ့ရှိ

Spread the love

မိုးညှင်းမြို့ အောင်ချမ်းသာရပ်ကွက်နေ လူငယ်တစ်ဦးထံမှ စိတ်ကြွဆေးပြား (၁၇၀)ပြား တွေ့ရှိ

EPN
မိုးညှင်း၊ မေ ၆

ကချင်ပြည်နယ် မိုးညှင်းမြို့ အုတ်ကျင်းဒေသစိတ် အောင်ချမ်းသာရပ်ကွက်တွင် နေထိုင်သည့် လူငယ်တစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား (၁၇၀)ပြား တွေ့ရှိသဖြင့် ဥပဒေနှင့်အညီ အရေးယူထားကြောင်း မိုးညှင်းမြို့မရဲစခန်းမှ သိရသည်။

မူးယစ်ဆေးဝါးသတင်းအရ မိုးညှင်းမြို့ မူးယစ်တပ်ဖွဲ့စု(၃)မှ ရဲအုပ်နေလင်းထွန်း ရဲအုပ်မျိုးသက်ထွန်း တပ်ကြပ်ကြီးဆန်းလင်းထွန်း တပ်ကြပ်ကြီးသိန်းတန် ဒုတပ်ကြပ်မြင့်သန်းဦး တို့သည်သက်သေများနှင့်အတူ မေလ (၅)ရက်နေ့ နံနက်(၁၀)နာရီခွဲ အချိန်ခန့်တွင် မိုးညှင်းမြို့ အုတ်ကျင်းဒေသစိတ် အောင်ချမ်းသာ ရပ်ကွက်နေ စိုးစံကျော် (ခ) ဘယ်ကျော်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ရာ စိုးစံကျော်(ခ)ဘယ်ကျော် အား နေအိမ်တွင် အသင့်တွေ့ရပြီး ရဲအုပ်နေလင်းထွန်းနှင့်တပ်ဖွဲ့ဝင်များသည် သက်သေများရှေ့တွင် ရှာဖွေမှု ပြုကြရာ နေအိမ်အောက်ထပ် အခန်းအတွင်း နံရံတွင်ချိတ်ထားည့် အနက်ရောင် ရင်ကာ သရေအိတ်၏ ရှေ့ဘက်အိပ်ကပ်အတွင်း အဖြူရောင် ပလပ်စတစ်အိတ်အပိုင်းအစနှင့် ထုပ်ထားသည့် တံဆိပ် မပါ ပန်းရောင်စိတ်ကြွဆေးပြား (၁၇၀)ပြားအား ရှာဖွေတွေ့ရှိခဲ့သဖြင့် ရဲအုပ် မျိုးသက်ထွန်းမှ သက်သေခံပစ္စည်း များအား သက်သေများရှေ့တွင် ဥပဒေနှင့်အညီ သိမ်းဆည်းခဲ့သည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ စိုးစံကျော် (ခ) ဘယ်ကျော်၊ (၂၂)နှစ်၊ (ဘ) ဦးမိုးကျော်၊ အောင်ချမ်းသာရပ်ကွက်၊ အုတ်ကျင်းဒေသစိတ် မိုးညှင်းမြို့နေထိုင်သူအား မိုးညှင်းမြို့မရဲစခန်းမှ မယ (ပ) ၇၁/၂၀၂၀ ပုဒ်မ ၁၉(က)ဖြင့် အမှုရေးဖွင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။