Trending Now

ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် ဘိန်းစိမ်းများနှင့်အတူ ပတ်သက်ဆက်နွယ်နေသူများကို ဖော်ထုတ်ဖမ်းဆီးရမိ

Spread the love

ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် ဘိန်းစိမ်းများနှင့်အတူ ပတ်သက်ဆက်နွယ်နေသူများကို ဖော်ထုတ်ဖမ်းဆီးရမိ

EPN
ဖားကန့်၊ ဇွန် ၅

ဖားကန့်ကျောက်စိမ်းမှော်ဒေသ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ယမန်နေ့က ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာရှိ နေအိမ်တစ်ခုအား မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ပြီး ၎င်းနှင့် ဆက်စပ်ပတ်သက်နေသူများကို ထပ်မံဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် ဇွန်လ ၂ ရက်နေ့၊ ည ၇နာရီခွဲ အချိန်တွင် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာနေ အသက် (၃၈)နှစ်အရွယ် ရွှေတိုးဆိုသူ၏ နေအိမ်အား ဝင်ရောက် ရှာဖွေခဲ့ရာ ၎င်းအား အသင့်တွေ့ရပြီး ၎င်း၏ နေအိမ်အိပ်ခန်းအတွင်း သစ်သား သေတ္တာဖြင့် ထည့်ထားသည့် ဘိန်းစိမ်း အလေးချိန် (၁.၀၅) ကီလို(ဒေသ ကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၈.၉သိန်း) ခန့်အား ရှာဖွေ တွေ့ရှိ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

၎င်းအမှုမှတဆင့် စစ်ဆေးပေါ်ပေါက်ချက်အရ ယင်းနေ့၊ ည ၈ နာရီခန့်တွင် ဖားကန့်မြို့နယ် မှော်စီစာကျေးရွာနေ သူများဖြစ်ကြသည့် ဦးသောင်းစိန်(ခ)မြသောင်း၊ (၅၂)နှစ်နှင့် မိုးမင်းဝင်း(ခ) မိုးမင်း၊ (၄၅)နှစ်တို့အား မူးယစ်ဆေးဝါး တင်ဆောင်လာသည့် မော်တော်ယာဉ် တစ်စီးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။

ထပ်မံဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ရာတွင် ဘိန်းစိမ်း အလေးချိန် စုစုပေါင်း (၅)ကီလို (ဒေသ ကာလပေါက်ဈေး တန်ဖိုးငွေ ကျပ်သိန်း ၉၀ )ခန့်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့ (၃)ဦးအား ဖားကန့်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်းနှင့် ကွင်းဆက်များကို ထပ်မံ ဖော်ထုတ်နေကြောင်း သိရသည်။

အာဆီယံ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။