Trending Now

ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူဦးရေ ၈၁ ဦးအထိရှိလာ

Spread the love

ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူဦးရေ ၈၁ ဦးအထိရှိလာ

EPN
နိုင်ငံတကာ၊ မေ ၁၇

ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ သေဆုံးသူဦးရေ ၈၁ ဦးအထိရှိလာခဲ့တယ်လို့ စီအင်အေ သတင်းဌာနက ယနေ့ မေလ ၁၇ ရက်နေ့ နံနက်ပိုင်းမှာ ဖော်ပြထားပါတယ်။

မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်အတွင်းက အချို့ရွာတွေဟာ တစ်ရွာလုံးနီးပါး ပျက်စီးသွားခဲ့တဲ့အတွက် ရွာသားတွေဟာ သက်ဆိုင်ရာရဲ့ အကူအညီကို စောင့်ဆိုင်းနေကြရပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ မေလ ၁၄ ရက်နေ့က လေတိုက်နှုန်း တစ်နာရီ ၁၂၀ မိုင် နဲ့ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့ပြီး တိုက်ခတ်ရာလမ်းတစ်လျောက်မှာ အပျက်အစီးတွေကို ချန်ရစ်ခဲ့ပါတယ်။

မူဆလင်တွေနေထိုင်တဲ့ ရခိုင်ပြည်နယ် ဘူမမြို့နဲ့ အနီးနားက ခေါင်ဒုတ်ကာကျေးရွာတွေမှာ အနည်းဆုံး လူ ၄၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံခေါင်းဆောင်တွေက အခင်းဖြစ်ပွားရာမှာ အေအက်ဖ်ပီ သတင်းထောက်တွေကို ပြောပါတယ်။

“လူတစ်ရာကျော် ပျောက်ဆုံးနေတာကြောင့် သေဆုံးမှုတွေ ပိုများလာမယ်” လို့ စစ်တွေမြို့အနီး ဘူမကျေးရွာမှ အကြီးအကဲက ပြောပါတယ်။

မိုခါမုန်တိုင်းဟာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အင်အားအပြင်းဆုံး ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပြီး အများအပြားပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

Ref; CNA
photo – AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။