Trending Now

တပ်မတော်စစ်ကြောင်းက တွေ့ရှိသိမ်းဆည်းခဲ့သည့် တရားမဝင် ကျွန်းသစ်လုံးများအား သစ်တောဦးစီးဌာနသို့ အပ်နှံ

Spread the love

တပ်မတော်စစ်ကြောင်းက တွေ့ရှိသိမ်းဆည်းခဲ့သည့် တရားမဝင် ကျွန်းသစ်လုံးများအား သစ်တောဦးစီးဌာနသို့ အပ်နှံ

EPN
ဗန်းမော်၊ ဧပြီ ၂၃

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းဆောင်ရွက်စဉ် တွေ့ရှိသိမ်းဆည်းခဲ့သည့်တရားမဝင်ကျွန်းသစ်လုံးများအား သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံ ခဲ့ကြောင်း သိရသည်။

အမှတ် (၃၁၉)ခြေမြန်တပ်ရင်းမှ ဗိုလ်မှူးဇော်ဇော်ထွန်း ဦးစီးအဖွဲ့နှင့် အမှတ် (၆၀၁) ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးအောင်မျိုးလွင် ဦးစီးအဖွဲ့တို့သည် ဗန်းမော်မြို့နယ်၊ မြစေတီကျေးရွာအနီး နယ်မြေလုံခြုံရေးနှင့်နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ဧပြီ ၂၁ ရက် ညနေ ၆ နာရီခန့်က ခန့်မှန်းမြေပုံအညွှန်း (LG-116916) နေရာ၌ စုပုံထားရှိသည့် အလျား(၁၈)ပေရှိ တရားမဝင် ကျွန်းသစ်လုံး (၆၁)လုံး တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ကျွန်းသစ်လုံး(၆၁)လုံး (၃ ဒသမ ၈၄၆၀) တန်အား ဧပြီ ၂၂ ရက် နေ့လည် ၁၂ နာရီတွင် မြစေတီသစ်တော ဘိနယ် တာဝန်ခံ တောအုပ်လဘန်မွန်းအောင်ထံ စနစ်တကျလွှဲပြောင်း အပ်နှံပေးခဲ့ကြောင်း သိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။