Trending Now

စပေါ့ကျေးရွာအနီး အမြင့်ပေ လေးရာခန့်ရှိသည့် ကမ်းပါးပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးသူများရှိ

Spread the love

စပေါ့ကျေးရွာအနီး အမြင့်ပေ လေးရာခန့်ရှိသည့် ကမ်းပါးပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးသူများရှိ

EPN
ဖားကန့်၊ ဇွန် ၂၄

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စပေါ့ကျေးရွာအနီးတွင် ယမန်နေ့က အမြင့်ပေ (၄၀၀)ခန့်ရှိ ကမ်းပါးယံပြိုကျမှုကြောင့် ရေမဆေးကျောက် ရှာဖွေနေသူအချို့ ထိခိုက်ဒဏ်ရာရရှိ သေဆုံးမှုများ ရှိခဲ့ကြောင်း ဖားကန့်မြို့မရဲစခန်းမှ သိရသည်။

ယင်းဖြစ်စဉ်သည် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စပေါ့ကျေးရွာ အနီး ရတနာအဓိပတိ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီလုပ်ကွက်ရှိ အမြင့်ပေ (၄၀၀)ခန့်ရှိသည့် ကမ်းပါးယံသည် ဇွန်လ ၂၃ ရက် ညနေ ၄ နာရီခွဲအချိန်ခန့်က ရုတ်တရက် ပြိုကျမှုကြောင့် ကမ်းပါးအောက်ရှိ ရေကန်တွင် လှိုင်းလုံးကြီးများဖြစ်ပေါ်ကာ ရေကန်တစ်ဖက်ရှိ ရေမဆေးကျောက် ရှာဖွေနေသူများအား ရေလှိုင်းများဖုံးအုပ်သွားရာမှ ယင်းကဲ့သို့ သေဆုံး ဒဏ်ရာ ရရှိမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အခင်းဖြစ်ပွားရာသို့ ဖားကန့်မြို့မစခန်းမှူး ဒုရဲမှူး ခင်မောင်ဇင်နှင့် တပ်ဖွဲ့ဝင်များသည် စပေါ့ကျေးရွာတာဝန်ခံ ဦးစန်းယု၊ ဘစံချောက် ကျေးရွာ တာဝန်ခံ ဦးနော်ဂျာ၊ ရာအိမ်မှူး ဦးမင်းအောင်တို့နှင့် အတူ သွားရောက်ပြီး ဒဏ်ရာရရှိသူများနှင့် သေဆုံးသူတို့ကို စိစစ်ကာ ဆိပ်မူကျေးရွာ သိင်္ခါလူမှုကူညီရေးအသင်းယာဉ်ဖြင့် ဖားကန့်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြသည်။

၎င်းဖြစ်စဉ်ကြောင့် ဆိပ်မူကျေးရွာ ဖားကန့်မြို့နယ်တွင် နေထိုင်သည့် ကျော်စိုး(ခ)နော်တောင် (၄၀)နှစ် (ဘ) ဦးကျော်ငြိမ်း နှင့် မြင့်နိုင် (၃၇)နှစ်တို့နှစ်ဦးမှာ ရေနှစ်သေဆုံးခဲ့ပြီး ကျော်အုန်း (၆၀)နှစ်၊ ဇော်နော် (၂၁)နှစ် (ဘ) ဦးဇော်ဖန်၊ ဇော်ဂျာ (၂၃)နှစ် (ဘ) ဦးဇော်ဖန်၊ တူးအောင် (၂၆)နှစ် (ဘ) ဦးစောမောင်၊ ထွန်းလင်း(ခ)အလ (၁၉)နှစ် (ဘ) ဦးအောင်စိုး နှင့် ပိုင်ကို (၃၈)နှစ် (ဘ)ဦးဝင်းကြည် တို့မှာ ထိခိုက်ဒဏ်ရာမ်ား အသီးသီ ရရှိခဲ့ကြသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများထဲမှ ပိုင်ကို (၃၈)နှစ် (ဘ) ဦးဝင်းကြည်မှာ စိုးရိမ်ရပြီး အတွင်းလူနာအဖြစ် ဖားကန့်ပြည်သူ့ ဆေးရုံတွင် ကုသနေကြောင်း သိရသည်။

နောနော်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။