Trending Now

တိုက်တန်းနစ်ဇာတ်ကားမှာ ဟောလိဝုဒ်မင်းသမီး ကိတ်ဝင်းစလက် ဝတ်ဆင်ခဲ့တဲ့ ကုတ်အင်္ကျီကို လေလံတင်ရောင်းချ

Spread the love

တိုက်တန်းနစ်ဇာတ်ကားမှာ ဟောလိဝုဒ်မင်းသမီး ကိတ်ဝင်းစလက် ဝတ်ဆင်ခဲ့တဲ့ ကုတ်အင်္ကျီကို လေလံတင်ရောင်းချ

EPN
နိုင်ငံတကာ၊ သြဂုတ် ၁၆

တိုက်တန်းနစ်ဇာတ်ကားမှာ ဟောလိဝုဒ်မင်းသမီး ကိတ်ဝင်းစလက် ဝတ်ဆင်ခဲ့တဲ့ ကုတ်အင်္ကျီကို လေလံတင်ရောင်းချနေပြီး အမေရိကန်ဒေါ်လာ ၁ သိန်းကျော်ရရှိမယ်လို နယူးယောက်စ်တိုင်းမ်း သတင်းစာက ခန့်မှန်းထားပါတယ်။

စိတ်ဝင်စားစရာကောင်းတာက ရုပ်ရှင်ရိုက်ကူးနေစဉ်အတွင်း ပေသွားခဲ့တဲ့ ရေစွန်းထင်းမှုတွေ အင်္ကျီမှာ ရှိနေသေးတာဖြစ်ပြီး လေလံတင်သူရဲ့ အဆိုအရ သောကြာနေ့ညအထိ လူ ၅ ဦးက ကမ်းလှမ်းမှုပြုလုပ်ထားကာ အမြင့်ဆုံး ဒေါ်လာ ၃၄၀၀၀ အထိ ပေးထားတယ်လို့ သိရပါတယ်။

ဒီကုတ်အင်္ကျီကိုတော့ ဒါရိုက်တာ ဂျိမ်းကင်မရွန်းရိုက်ကူးခဲ့တဲ့ ဒီဇတ်ကားထဲမှာ အကောင်းဆုံးဝတ်စုံဒီဇိုင်းအတွက် အော်စကာဆုရရှိခဲ့တဲ့ ဒီဘိုရာ လင်စကော့တ်က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီကုတ်အင်္ကျီကို နောက်ဆုံးဝယ်ယူနိုင်မယ့်သူက ရုပ်ရှင်အမှတ်တရတွေစုဆောင်းသူ ဒါမှမဟုတ် ရုပ်ရှင်ရဲ့အမာခံပရိသတ်ဖြစ်နိုင်တယ်လို Auction House Goldin က ဆိုထားပါတယ်။

Ref;GlobalNew/ndtv

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။