Trending Now

မိုးညှင်းမြို့နယ်တွင် ညမထွက်ရ အမိန့် ထုတ်ပြန်

Spread the love

မိုးညှင်းမြို့နယ်တွင် ညမထွက်ရ အမိန့် ထုတ်ပြန်

EPN

မိုးညှင်း၊ ဇွန် ၁၀

ကချင်ပြည်နယ်၊ မိုညှင်းမြို့နယ် တစ်ခုလုံး ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ ညမထွက်ရ အမိန့်တစ်ရပ်ကို ဇွန်လ ၈ ရက်နေ့က မိုးညှင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်လိုက်ကြောင်း သိရသည်။

မိုးညှင်းမြို့နယ် နယ်နိမိတ်အတွင်း လူတစ်ချို့က အများပြည်သူများ၏ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်ပျက်ပြားစေသည့် ပြုမူဆောင်ရွက်ချက်များ ရှိနေေသာကြောင့် ယခုကဲ့သို့ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

” ကောင်းတယ် အဲ့လို ထုတ်မှ။ မဟုတ်ရင် ကျွန်မတို့ ရပ်ကွက္မှာ သူခိုးအရမ်းများတယ်။ ဆိုင်ကယ်ပျောက်သူတွေ လုယက်ခံရသူတွေလည်းရှိတယ်။ ည၁၀နာရီကနေ မနက် ၄နာရီ အချိန်ထိ ထုတ်ပြန်ထားတယ်။ ညအချိန်မတော် သာရေး၊နာရေး ကိစ္စကလွဲရင် ကျန်တဲ့ သူတွေကို စစ်ဆေးကြပ်မတ်သင့်တယ် ” ဟု ဒေသခံတစ်ဦးက ရှင်းပြသည်။

ညမထွက်ရ အမိန့်အဖြစ် ည (၁၀) နာရီ နှင့် နောက်နေ့ မနက် (၄) နာရီအထိ ကို သတ်မှတ်ထားခြင်းဖြစ်ပြီး လူ(၅)ဦး၊ (၅) ဦးနှင့် အထက် ပိုမစုရ၊ မြို့နယ်အတွင်းရှိ လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ အများပြည်သူနှင့် သက်ဆိုင်တဲ့နေရာများတွင် လူစုဝေးခြင်းများ မပြုလုပ်ကြရန် ထည့်သွင်း ဖော်ပြထားသည်။

မိုးညှင်းမြို့နယ် အတွင်း ၌ သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းများက မြို့နေရာအနှံ့တွင် လုံခြုံရေးကင်းပုန်းများ ချထားခြင်း၊ သံချပ်ကာ ကားများဖြင့် မြို့တွင်းလှည့်လည်သွားလာခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။

အဆိုပါ ညမထွက်ရအမိန့်သည် နောက်ထပ်အမိန့်တစ်ခု တစ်စုံတစ်ရာ မရမချင်း အတည်ဖြစ်စေရမည်ဟု ဆိုထားသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။