Trending Now

ဖိလစ်ပိုင်နိုင်ငံရဲ့ မူးယစ်ဆေးဝါး နှိမ်နင်းမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာ တရားသူကြီးတွေ စုံစမ်းစစ်ဆေးမှု ပြန်စတင်

Spread the love

ဖိလစ်ပိုင်နိုင်ငံရဲ့ မူးယစ်ဆေးဝါး နှိမ်နင်းမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာ တရားသူကြီးတွေ စုံစမ်းစစ်ဆေးမှု ပြန်စတင်

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၈

နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ဟာ ဖိလစ်ပိုင်မှာ ဖြစ်ပွားခဲ့တဲ့ မူးယစ်ဆေးဝါးစစ်ပွဲလို့ ခေါ်တဲ့ အမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအရာရှိတွေ ပြန်လည်စစ်ဆေးမှု စတင်နိုင်အောင် ခွင့်ပြုလိုက်ပါတယ်။

၂၀၁၁ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု စွပ်စွဲချက်တွေအတွက် စစ်ဆေးမှုတွေ ပြန်လည်စတင်ဖို့ နယ်သာလန်နိုင်ငံ The Hague အခြေစိုက် တရားရုံးက တရားသူကြီးတွေက စုံစမ်းစစ်ဆေးရေးအရာရှိတစ်ဦးကို ခွင့်ပြုခဲ့ပါတယ်။

အဲဒီရာဇဝတ်မှုတွေကို စစ်ဆေးပြီးပြီလို့ ဖိလစ်ပိုင်အစိုးရက ပြောပြီး နိုင်ငံတကာတရားရုံးမှာ တရားစီရင် ပိုင်ခွင့်မရှိဘူးလို့ ငြင်းဆိုပြီးနောက် ဒီစုံစမ်းစစ်ဆေးမှုကို ၂၀၂၁ ခုနှစ်မှာ ရပ်ဆိုင်းခဲ့ပါတယ်။

အစိုးရမှတ်တမ်းတွေအရ မူးယစ်ဆေးဝါးမှုနဲ့ သံသယရှိသူ ၆၂၀၀ ကျော် အသတ်ခံခဲ့ရပြီး အများစုက ဆင်းရဲသားတွေ ဖြစ်ပါတယ်။သေဆုံးသူဦးရေဟာ လက်တွေ့မှာ ပိုများတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားသူတွေက ယုံကြည်ကြပါတယ်။

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး က မူးယစ်ဆေးမှုနဲ့ သံသယရှိသူတွေကို သတ်မယ်လို့ ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်ခဲ့ပေမဲ့ ဖြိုခွင်းမှုကို “ဥပဒေနဲ့အညီ ညွှန်ကြားခဲ့တာ ဖြစ်တယ်” လို့ ခုခံပြောဆိုခဲ့ပါတယ်။

ICC က စုံစမ်းစစ်ဆေးမှုကို စတင်ပြီးနောက် မစ္စတာ ဒူတာတေး ဟာ ဖိလစ်ပိုင်နိုင်ငံကို ၂၀၁၉ ခုနှစ်မှာ ICC ကနေ နုတ်ထွက် စေခဲ့ပါတယ်။ ဖိလစ်ပိုင်ရဲ့ လက်ရှိသမ္မတ မားကို့စ် က သူ့နိုင်ငံအနေနဲ့ ICC ကို ပြန်လည်ဝင်ရောက်ဖို့ မရည်ရွယ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

Source: NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။