Trending Now

မိုးညှင်းမြို့ပေါ်ရပ်ကွက်များ သွေးလွန် တုတ်ကွေး ကြိုတင်ကာကွယ်တားဆီးရေး ကွင်းဆင်းဆောင်ရွက်နေ

Spread the love

မိုးညှင်းမြို့ပေါ်ရပ်ကွက်များ သွေးလွန် တုတ်ကွေး ကြိုတင်ကာကွယ်တားဆီးရေး ကွင်းဆင်းဆောင်ရွက်နေ

EPN
မိုးညှင်း၊ မေ ၃

ကချင်ပြည်နယ် မိုးညှင်းမြို့ပေါ် ရပ်ကွက်များအား သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွါးစေရေးအတွက် ကြိုတင်ကာကွယ်ရေး အစီအစဉ်ဖြင့် ကျန်းမာရေးဋ္ဌာနမှ အဘိတ် ဆေးများဖြန့်ဝေခြင်း လုပ်ငန်းအား မေလ (၃)ရက်နေ့ နံနက်(၇)နာရီအချိန်က စတင်ဆောင်ရွက်ခဲ့ကြသည်။

မိုးညှင်းမြို့ပေါ်ရပ်ကွက်ကြီ့းဖစ်သော နားခါဒေသစိတ် ရေလည်ကျွန်းရပ်သို့ ရွာသစ်ကြီးကျန်းမာရေမှူး ဒေါ်ခင်သူဇာခိုင်၊ နန်းမားဒေသကျန်းမာရေးဆရာမ ဒေါ်ခင်မူမြင့်၊ နန့်ပုတ်ကျးရွာသေားဖွားဆရာမ ဒေါ်ဝိုင်းအိဖြူ၊ ကျန်းမာရေးကြီးကြပ်မှူးဒေါ်ထက်ထက်ဖြိုးတို့သည် ရေလည်ကျွန်းရပ်ကွက် ရာအိမ်မှူးနှင့်အဖွဲ့ဝင်များလိုက်ပါလျက် ရပ်ကွက်အတွင်းကွင်းဆင်း၍ အိမ်ခြေ(၁၄၄) အိမ်၊
လူဦးရေ (၇၂၈) ဦး၊ ရေကန်(၁၁၇) ကန်တို့အတွက်အသုံးပြုရန် အဘိတ်ဆေးထုပ် (၁၆၉) ထုပ်တို့အားအိမ်ရှင်များ လက်ဝယ် ပေးခဲ့ကြသည်။

ထို့အတူ မိုးညှင်းမြို့ပေါ်ရပ်ကွက်ကြီးများဖြစ်သော အုတ်ကျင်းရပ်ကွက် မြို့မရပ်ကွက် အရှေ့စုရပ်ကွက် အောင်သပြေရပ်ကွက် ရွာသစ်ကုန်းရပ်ကွက်များတွင်လည်း သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အတွက်ကွင်းဆင်းစစ်ဆေးပြီး အဘိတ်ဆေးများ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အဘိတ်ဆေးဖြန့်ဝေရာတွင် COVID 19 အရေးပေါ်ကာလာဖြစ်သည့်အတွက် ကျန်းမာရေးဌာန ဝန်ထမ်းများအနေနှင့် ယခင်နှစ်များကဲ့သို့ နေအိမ်များသို့ ဝင်ရောက်ဆေးခတ်ခြင်းများ ဆောင်ရွက်ခြင်း မပြုခဲ့သော်လည်း ဆေးခတ်မည့် ကန် အရေအတွက်ကို အိမ်ရှင်များအား မေးမြန်းကာ ဆေးအလုံအလောက် ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။