Trending Now

ဖားကန့်မြို့နယ်အတွင်းရှိ ဝှေလုံ၊ ဝှေခါ၊ နန့်တိန်း တပ်စခန်း သုံးနေရာတွင် တိုက်ပွဲပြင်းထန်နေ

Spread the love

ဖားကန့်မြို့နယ်အတွင်းရှိ ဝှေလုံ၊ ဝှေခါ၊ နန့်တိန်း တပ်စခန်း သုံးနေရာတွင် တိုက်ပွဲပြင်းထန်နေ

EPN
ဖားကန့်၊ ဇန်နဝါရီ ၆ (၂၀၂၄)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေလုံ၊ ဝှေခါ၊ နန့်တိန့် တပ်စခန်း သုံးနေရာတွင်ယနေ့ နံနက်ပိုင်း အချိန်ကစ၍ တိုက်ပွဲပြင်းထန်နေ‌ကြောင်း ဒေသခံပြည်သူများထံက သိရသည်။

ဖားကန့်မြို့နယ်၊ ဝှေလုံ၊ ဝှေခါ၊ နန့်တိန်း ကျေးရွာရှိ တပ်စခန်းသုံးနေရာတို့တွင် KIA၊ PDF အဖွဲ့မှ ယနေ့နံနက်ပိုင်း အချိန်က လာရောက်တိုက်ခဲ့ခြင်းကြောင့် တိုက်ပွဲများ ပြင်ထန်နေပြီး ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းများ အဝင်အထွက်္မရှိကြောင်း ဖားကန့်မြို့ဒေသခံများက ဆိုသည်။

” တပ်စခန်းသုံးနေရာကို KIA၊ PDF အဖွဲ့က ဒီကနေ့ နံနက်အစောပိုင်းက အချိန်ကိုက်ဝင်တိုက်လို့ တိုက်ပွဲအပြင်းအထန် ဖြစ်နေတယ်။ လေယာဉ်ပြန်တာတွေလည်း ကြားရတယ်။ အခုချိန်ထိ လက်နက်ကြီးသံတွေ ကြားနေရတယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ တိုက်ပွဲများကြောင့် ခရီးသွားပို့ဆောင်ရေးနှင့် ကုန်စည်ပို့ဆောင်ရေး မော်တော်ယာဉ်များ ရပ်နားနေရပြီး၊ တိုက္ပွဲများ ဆက်လက်ပြင်းထန် လာမည်ကို ဒေသခံများ စိုးရိမ်မှုရှိနေကြောင်း လုံးခင်းကျေးရွာနေ ဒေသခံပြည်သူတစ်ဦးက EPN သတင်းဌာနသို့ ပြောသည်။

” ကျနော်တို့ ကျေးရွာနားမှာရှိတဲ့ နန့်တိန်း တပ်စခန်းကို မနက်လေးနာရီလောက်က KIA အဖွဲ့နဲ့ PDF အဖွဲ့တွေက တိုက်တယ်ကြားတယ်။ တိုက်ပွဲတွေဖြစ်လို့ ဒေသခံတွေလည်း ကြောက်နေကြတယ်။ ကားသမားတွေလည်း အထွက်မရှိသလို အဝင်လည်းမရှိဘူး ” ဟု ၎င်းကရှင်းပြသည်။

ယင်းတိုက်ပွဲများ ဆက်လက်ပြင်းထန်လာပါက ဖားကန့်မြို့နယ်အတွင်းသို့ အခြားသော မြို့နယ်များမှ ခရီးသွားလာခြင်း၊ ကုန်စည်ပို့ဆောင်ခြင်းများ၊ ဖြတ်တောက်ခြင်းများ ဖြစ်ပေါ် လာပါက ဒေသခံပြည်သူများပိုမို ကြပ်တည်း ခက်ခဲလာမည်ကို စိုးရိမ်နေကြောင်း ဆိုသည်။

” လမ်းတွေ ပိတ်လိုက်ရင်တော့ အကုန်ခက်ခဲ ဒုက္ခရောက်ကြမှာက ဒေသခံပြည်သူတွေပဲ ဟုတ်တယ်။ ကုန်ဈေးနှုန်းမြင့်မယ်။ စစ်ရှောင်တွေ များလာမယ်။ အလုပ်လက်မဲ့သမား များလာမယ် ” ဟု ၎င်းကပြောသည်။

ဖားကန့်မြို့နယ်တွင် ပြီးခဲ့သည့် နှစ် ဩဂုတ်လအတွင်းကစ၍ တပ်မတော်နှင့် KIA၊ PDF ပူး‌ေပါင်းအဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြန်လည်ဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများ ပြောဆိုချက်အရ သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။