Trending Now

မူဆယ်မြို့ ဖုန်းဆိုင်မှ ငွေကျပ်သိန်းတစ်ထောင်ခန့်တန်ဖိုးရှိ ပစ္စည်းများ ဓါးပြတိုက်သွားသည့် ဆယ်ကျော်သက် ၄ ဦးဖမ်းဆီးရမိ

Spread the love

မူဆယ်မြို့ ဖုန်းဆိုင်မှ ငွေကျပ်သိန်းတစ်ထောင်ခန့်တန်ဖိုးရှိ ပစ္စည်းများ ဓါးပြတိုက်သွားသည့် ဆယ်ကျော်သက် ၄ ဦးဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ မေ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်မြို့ ဖုန်းဆိုင်တစ်ဆိုင်ကနေ ငွေကျပ်သိန်းတစ်ထောင်ခန့် တန်ဖိုးရှိပစ္စည်းများကို ဓါးပြတိုက်သွားသည့် အဖွဲ့မှ ဆယ်ကျော်သက် ၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ ညနေပိုင်းအချိန်မှာ SAi Nyee (Muse) Laptop & Phone အရောင်းဆိုင်ကို လူငယ် ၈ ဦးက လက်နက်ပြပြီး ကောင်တာထဲရှိအရောင်းစက်ပစ္စည်း(ကျပ်သိန်း ၁၀၀၀ ခန့်) တို့ကို အတင်းအဓမ္မယူဆောင်းသွားခြင်းဖြစ်သည်။

ယင်းနောက် မေ လ ၁၅ ရက်နေ့တွင် မူဆယ်မြို့တွင်း မင်္သကာဖွယ်ရာ လူငယ်တချို့ iPhone 12 Pro Max ဖုန်းတစ်လုံးအားလိုက်လံရောင်းချနေသည်ကို တပ်မတော်မှ သတင်းရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဆိုင်ပိုင်ရှင်နှင့်အတူ တပ်မတော်မှ ဗိုလ်ကြီးအဆင့်ရှိ တာဝန်ရှိသူတစ်ဦး ဦးဆောင်ပြီး သွားရောက်စစ်ဆေးခဲ့ကြပြီး ၎င်းတို့ ကိုင်ဆောင်ထားသော iPhone အမျိုးအစား ဖုန်းအတွင်းတွင် ဓားပြတိုက်မူဖြစ်စဉ်အတွင်းယူဆောင်သွားသော ဖုန်းများကို ဗီဒီယို ရိုက်ကူးထားသည်ကို တွေ့ရှိခဲ့ရမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဓားပြတိုက်မှုအတွင်း ယူဆောင်သွားသော ပစ္စည်းများထဲမှ ၃ ပုံ ၁ ပုံကို သက်ဆိုင်ရာက ပြန်လည်သိမ်းဆီးရမိခဲ့ပြီး ဆက်လက်စစ်ဆေးချက်အရ အဓိက ခေါင်းဆောင် ၂ ဦး လွတ်မြောက်နေသေးကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူ ဆယ်ကျော်သက် ၄ ဦးကို မူဆယ်မြို့ ရဲစခန်းတွင် တရားဥပဒေအရ ရေးယူထိမ်းသိမ်းထားပြီး လွတ်မြောက်နေသည့် ခေါင်းဆောင်နှစ်ဦးကို အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝလုံး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။