Trending Now

ဗန်းမော် ဒီချုပ်ပါတီရုံးစတင် ဆောက်လုပ်၊ သုံးထပ်အထိ တိုးချဲ့နိုင်အောင် ဆောင်ရွက်ထား

Spread the love

ဗန်းမော် ဒီချုပ်ပါတီရုံးစတင် ဆောက်လုပ်၊ သုံးထပ်အထိ တိုးချဲ့နိုင်အောင် ဆောင်ရွက်ထား

EPN
ဗန်းမော်၊ ဇွန် ၇

ဗန်းမော်မြို့၊ သာစည်ရပ်ကွက်အတွင်း စတင်တည်ဆောက်လျှက်ရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံး အား သုံးထပ်အထိ တိုးချဲ့နိုင်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါ ရုံးအား ဗန်းမော်မြို့၊ သာစည်ရပ်ကွက်တွင် ယခုနှစ် မေလ ၂၀ ရက်နေ့မှ စတင် ဖောင်ဒေးရှင်းချကာ တည်ဆောက်ခဲ့ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုက ချပေးသည့် ငွေကျပ်သိန်း (၁၅၀)နှင့် ပါတီဝင်များ၏ အလှူငွေများဖြင့် စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းပါတီ၏ မြို့နယ်အတွင်းရေးမှူး ဦးညီညီဖေတင်က ပြောပြသည်။

“အဆောက်အဦးကတော့ ၃ခန်းပတ်လည်ဖြစ်တယ်၊ သုံးထပ်အထိ တိုးချဲ့နိုင်အောင် ဆောင်ရွက်ထားတယ်၊ ၅ ပင် ၃ပင် ဟောခန်းလဲ ထပ်ဆောက်ဖို့စီစဉ်ထားတယ်၊ အင်ဂျင်နီယာ တွက်ချက်မှုအရ ရုံးနဲ့ ဟောခန်း စုစုပေါင်း ငွေကျပ်သိန်း ၂၀၀၀ လောက် ကုန်ကျမယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ NLD ပါတီရုံးအား အင်ဂျင်နီယာ ဦးအောင်မိုးလွင်က တာဝန်ယူကြီးကြပ် ဆောက်လုပ်နေခြင်း ဖြစ်ကြောင်းနှင့် မေလ ၂၀ ရက်နေ့မှ ဖောင်ဒေးရှင်းချကာ လုပ်ငန်းဆောင်ရွက်နေသည် ဖြစ်၍ ပြီးစီးသည့် ရာခိုင်နှုန်း ပြောပြဖို့အတွက် ခက်ခဲကြောင်း ဦးညီညီဖေတင်က ဆက်လက်ပြောပြသည်။

ယင်းပါတီရုံးအား NLD ပါတီ ဗဟိုမှ ချပေးသည့် ငွေကျပ်သိန်း (၁၅၀)နှင့် ပါတီဝင်များ၏ ထည့်ဝင်ငွေများ ဖြင့် တည်ဆောက်ခြင်း ဖြစ်ပြီး ငွေကျပ်သိန်း ၂၀၀၀ ခန့်ကုန်ကျနိုင်ကြောင်းနှင့် လက်ရှိတွင် ပါတီဝင် များက ဘိလပ်မြေ၊ ကျောက်၊ သဲ စသည်များ လာရောက်လှူဒါန်း ကြကြောင်း ဒီချုပ်ပါတီ ဗန်းမော်မြို့နယ် အတွင်းရေးမှူးထံမှ သိရသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။