Trending Now

ကာကွယ်ရေးဝန်ကြီးကို ရာထူးမှ ထုတ်ပယ်ပြီးနောက် အစ္စရေးတွင် အစုလိုက်အပြုံလိုက် ဆန္ဒပြမှုဖြစ်ပွား

Spread the love

ကာကွယ်ရေးဝန်ကြီးကို ရာထူးမှ ထုတ်ပယ်ပြီးနောက် အစ္စရေးတွင် အစုလိုက်အပြုံလိုက် ဆန္ဒပြမှုဖြစ်ပွား

EPN
နိုင်ငံတကာ၊ မတ် ၂၇

တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှုကို ရပ်တန့်ရန် တိုက်တွန်းခဲ့သော ကာကွယ်ရေးဝန်ကြီးကို အစ္စရေးဝန်ကြီးချုပ် တန်နေရာဟုက ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် နိုင်ငံတစ်ဝှမ်းတွင် အစုလိုက်အပြုံလိုက် ဆန္ဒပြမှုဖြစ်ပွားခဲ့သည်။

ရားစီရင်ရေး ပြုပြင်မွမ်းမံမှု အစီအစဉ်အား ရပ်ဆိုင်းရန် အစိုးရကို တောင်းဆိုခဲ့ပြီးနောက် တစ်ရက်အကြာတွင် ကာကွယ်ရေးဝန်ကြီးချုပ် ဂလ်လန့် ကို ရာထူးမှ ဖယ်ရှားရန် ဆုံးဖြတ်ခဲ့ကြောင်း တိုတိုတုတ်တုတ်ထုတ်ပြန်ခဲ့သည်။

ဝန်ကြီးချုပ် တန်နေရာဟု၏ တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်သည် အစ္စရေးနိုင်ငံတစ်ဝှမ်းတွင် ကြီးမားသောဆန္ဒပြမှုများကို ဖြစ်ပေါ်စေခဲ့ပြီး စစ်တပ်နှင့် အစိုးရဌာများတွင် မကြေနပ်မှုများ ဖြစ်ပေါ်စေခဲ့သည်။

အဆိုပြုထားသည့် ရားစီရင်ရေး ပြုပြင်မွမ်းမံမှု အစီအစဉ်သည် အစိုးရအား တရားစီရင်ရေးဆိုင်ရာ ထိန်းချုပ်ခွင့်နှင့် ဥပဒေအကြံပေးများ၏ အခွင့်အာဏာကို ကန့်သတ်ရန် ကြိုးပမ်းသည်အစီအစဉ်များ ပါဝင်သည်။

အဆိုပါပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို လက်ခံကျင့်သုံးပါက တရားရုံးချုပ်၏ စီရင်ထုံးများကို ကျော်လွန်နိုင်စေမည့် အခွင့်အာဏာကို အစိုးရအား ပေးအပ်မည်ဖြစ်သည်။

Ref; bbc

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။