Trending Now

ငါးသိုင်းချောင်းမြို့တွင် ကုမ္ပဏီဝန်ထမ်းအယောင်ဆောင် ကာ အိမ်အတွင်းတောင်းဝင်ပြီး ဓားပြတိုက်သွားသဖြင့် ဆွဲကြိုး ၁ ကုံးနှင့် ပိုက်ဆံ တစ်သိန်းကျော် ပါသွား

Spread the love

ငါးသိုင်းချောင်းမြို့တွင် ကုမ္ပဏီဝန်ထမ်းအယောင်ဆောင် ကာ အိမ်အတွင်းတောင်းဝင်ပြီး ဓားပြတိုက်သွားသဖြင့် ဆွဲကြိုး ၁ ကုံးနှင့် ပိုက်ဆံ တစ်သိန်းကျော် ပါသွား

EPN
ငါးသိုင်းချောင်း ၊ စက်တင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး ၊ ရေကြည်မြို့နယ် ၊ငါးသိုင်းချောင်းမြို့၊ ဒေါင့်ကြီးကျေးရွာအုပ်စု ၊မီးသွေးကုန်း ကျေးရွာတွင် ယမန့်နေ့ စက်တင်ဘာ ၉ ရက်က နေအိမ်တစ်အိမ်တွင် မိသားစုများ ဥပုဒ်စောင့်သွားပြီး အမျိုးသမီး တစ်ဦးတည်းရှိသည့်အချိန် အမျိုးသား ၃ ဦးမှ ကုမ္ပဏီဝန် ထမ်း အယောင်ဆောင်ပြီး အိမ်အတွင်းဝင်ခွင့်ပြုပါဟု ဆိုကာ အိမ်အတွင်းအရောက်ကာ ဓားထောက်ဓားပြတိုက်သွားသဖြင့် ဆွဲကြိုး တစ်ကုံးနှင့် ပိုက်ဆံတစ်သိန်းငါးသောင်း ခန့်ပါသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မီးသွေးကုန်းကျေးရွာ နေအိမ်တစ်အိမ်တွင် မဖြိုးပပခိုင်ဆို တစ်ဦးတည်းရှိသည့် အချိန် အမည်မသိ အမျိုးသား ၃ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး ၎င်းတို့ ကုမ္ပဏီက ထုတ်လုပ်သည့် ကုန်ပစ္စည်း ကိုကြော်ငြာခြင်ပါသည်ဟုဆိုကာ အိမ်အတွင်းဝင်လာပြီး မဖြိုးပပ၏လည်ပင်းကို ဓားဖြင့်ထောက်ပြီး၎င်း ဝတ်ထားသည့်ဆွဲကြိုး ၁ ကုံးနှင့် ငွေကျပ်တစ်သိန်းငါး သောင်းအား အမည်မသိ အမျိုးသား ၃ ဦးမှ ဓားပြတိုက်ယူ ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

”ကောင် မလေး ၁ ယောက်ထဲရှိတဲ့အချိန် ဓားပြအတိုက် ခံရတာ ၊ ဓားပြတွေရိုက်နက် ထိုးကြိတ်သွားလို့ ကောင်မလေးလည်း ဒဏ်ရာရသွားတယ် ၊ ဓားပြတွေက ကောင်းမလေး ဝတ်ထားတဲ့ ရွှေဆွဲကြိုး ၁ ကုံးနဲ့ ပိုက်ဆံအိတ်ထဲက ငွေ ၁၅၀၀၀၀ ယူသွားတာတဲ့ ၊ ဓါးနဲ့လည်း လက်တွေကို ခုတ်သွားတာ အခုဆေးရုံမှာ ဆေးကုသ နေရတယ် ၊ ဓားပြတွေ ပြန်သွားပြီး အော်ခေါ်လို့ သွားကြည့်တော့ သွေးတွေထွက်နေတဲ့ ကောင်းမလေးကို လှမ်းတွေ့လိုက်တော့မှာ အခြားသူတွေ လည်းသိရတာ ၊ ဓားပြတွေက ယောင်္ကျားလေး ၃ ယောက် ၁ ယောက်က နည်းနည်းပိန်တယ် ။”ဟုဒေသခံတစ်ဦးက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဓားပြအတိုက်ခံရသည့် နေအိမ် မိသားစုများမှ ရေကြည်မြို့နယ်ရဲစခန်းသို့ သတင်းပေး တိုင်ကြားသဖြင့် ရေကြည်မြို့နယ်၊ရဲတပ်ဖွဲ့မှ ရဲမှူး အောင်ကိုကိုနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရေကြည်မြို့နယ် ငါးသိုင်းချောင်းနယ်မြေရဲစခန်းမှ ရဲအုပ်တင်လင်းထွဋ့်နှင့် ရဲတပ်ဖွဲ့ဝင်များလာရောက်စစ်ဆေးခဲ့ပြီး ရဲတပ်ဖွဲ့မှ တရားခံများကိုဖမ်းဆီးရမိရေး ပိတ်ဆို့စစ်ဆေးရှာဖွေခြင်းများလုပ်ဆောင်နေကြောင်းသိရသည်။

”အခင်းဖြစ်နေအိမ်ကို သွားရောက် စစ်ဆေးထားတယ်၊မဖြိုးပပခိုင်က ရွှေဆွဲကြိုးနဲ့ ပိုက်ဆံတွေကို ဓားပြတိုက်ယူဆောင်သွားတယ် ၊ သူ့ကိုလည်း နာကျင်အောင်ပြုလုပ် တယ်ဆိုပြီး အမည်မသိ အမျိုးသား ၃ ဦးကိုငါးသိုင်းချောင်း နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားတယ်။”ဟုရေကြည်မြို့နယ် ရဲတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ဓားပြအတိုက်သွားသည့်အမျိုးသား ၃ ဦးမှ ရိုက်နက်ထိုး ရိုက်နက် ထိုးကြိတ်ခြင်း ဓားဖြင့် လက် နှစ်ဖက်အားလှီးသွားခြင်းကြောင့် မဖြိုးပပခိုင်မှာ ရရှိသည့် ဒဏ်ရာ များရှိဖြင့် ဆေးကုသမှုခံယူနေရကြောင်းသိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။