Trending Now

တိုင်ဖွန်း ခါနွန်ကြောင့် ဂျပန်နိုင်ငံမှာ ၂ ဦး သေဆုံးပြီး ၆၂ ဦး ဒဏ်ရာရ

Spread the love

တိုင်ဖွန်း ခါနွန်ကြောင့် ဂျပန်နိုင်ငံမှာ ၂ ဦး သေဆုံးပြီး ၆၂ ဦး ဒဏ်ရာရ

EPN
နိုင်ငံတကာ၊ သြဂုတ် ၃

တိုင်ဖွန်းမုန်တိုင်း ခါနွန်ကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း အိုကီနာဝါနှင့် ကာဂိုရှီးမားစီရင်စုမှယ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် သက်ကြီးရွယ်အိုနှစ်ဦး သေဆုံးကာ ၆၂ ဦး ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

ထိုင်းလို “ဂျုန်းသီး” ခါနွန်ဟာ အရှေ့တရုတ်ပင်လယ်ပြင်ကနေ အနောက်မြောက်ဘက်ကို ဦးတည်ရွေ့လျားနေပြီး လေတိုက်နှုန်း ၁၆၂ ကီလိုမီတာကနေ လေပြင်းတိုက်ခတ်ချိန် ၂၃၄ ကီလိုမီတာအထိ ရှိခဲ့တယ်လို့ သိရပါတယ်။

မုန်းတိုက်နဲ့ ဆက်စပ်တဲ့ မတော်တဆမှုကြောင့် အိုကီနာဝါက သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အခြားအသက် ၉၀ နှစ်အရွယ်အမျိုးသား တစ်ဦးလဲ ကားဂိုဒေါင်ပြိုကျမှုအတွင်း သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဂျပန်သတင်းဌာန အန်အိတ်ချ်ကေ ရဲ့ ဖော်ပြချက်အရ အိုကီနာဝါနဲ့ ကာဂိုရှီးမားစီရင်စုမှာ အနည်းဆုံး လူ ၆၂ ဦး ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

Ref; NHK


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။