Trending Now

ကချင်ပြည်နယ်တွင် စက်သုံးဆီဈေး တစ်လီတာလျှင် ၂၀၀ ကျပ်အထိ မြင့်တက်

Spread the love

ကချင်ပြည်နယ်တွင် စက်သုံးဆီဈေး တစ်လီတာလျှင် ၂၀၀ ကျပ်အထိ မြင့်တက်

EPN

မြစ်ကြီးနား ၊မတ် ၃

ကချင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း စက်သုံးဆီတစ်လီတာလျှင် ၂၀၀ ကျပ်နီးပါးအထိ မြင့်တက်လာကြောင်း စက်သုံးဆီရောင်းချနေသည့်လုပ်ငန်းရှင်များထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့တွင် ဒီဇယ် တစ်လီတာ ၁၈၉၅ကျပ်၊ ပရီမီယံ ဒီဇယ် တစ်လီတာ၁၉၂၀ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာ ၁၉၃၀ ကျပ် ၊ အောက်တိန်း ၉၅ တစ်လီတာ ၂၀၄၀ ကျပ်၊ သာရှိခဲ့သော်လည်း မတ် ၃ ရက်နေ့မှစတင်ကာ ဒီဇယ် တစ်လီတာ ၂၀၅၅ ကျပ်၊ ပရီမီယံ ဒီဇယ် တစ်လီတာ ၂၀၈၀ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာ ၂၀၆၀ ကျပ် ၊ အောက်တိန်း ၉၅ တစ်လီတာ ၂၁၇၀ကျပ်၊ အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ဈေးနှုန်းမြင့်တက်ခြင်းမှာ ကမ္ဘာရေနံဈေးမြင့်တက်မှုနှင့်အတူ သယ်ယူစရိတ် ပိုမိုကုန်ကျသည့်အတွက် ရန်ကုန်-မန္တလေး ဈေးနှုန်းများထက် အနည်းဈေးကွာဟမှုရှိနေခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် စက်သုံးဆီရောင်းဝယ်ရေးပြုလုပ်နေသည့် လုပ်ငန်းရှင်တစ်ဦးကဆိုသည်။

” စက်သုံးဆီပြန်လည်ရောင်းချဖို့အတွက် အခြားသောမြို့ကြီးများကမှာယူရသည့်အတွက် သယ်ယူစရိတ်အနေနဲ့ ဈေးအနည်းငယ်ကွာဟချက်တော့ ရှိနေတယ် သိပ့်အများတော့မဟုတ်ဖူးပေါ့ နောက်ပြီးဆုံးရှုံးမှုတွေ ပျက်စီးမှုတွေလည်း ရှိခဲ့တယ်”ဟု ၎င်းက ရှင်းပြသည်။

 

တစ်ရက်အတွင်း စက်သုံးဆီဈေးနှုန်း ၂၀၀ကျပ်ခန့် တိုးမြင့်လာသည့်အပေါ် ဆိုင်ကယ် ကယ်ရီများ အနှေးယာဉ် နှင့် အိုးဝေသုံးဘီးပြေးဆွဲနေသည့် ယာဉ်များအပြင် Deli ခတွေပါ ဈေးနှုန်းမြင့်တက်လာနိုင်ကြောင်း စီးပွားလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောဆိုသည်။

“ဆီဈေးတွေက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တက်နေတာ အဲ့လိုတက်လာတဲ့အပေါ် အများပြည်သူ လုပ်ငန်းရှင်တွေပါမကျန် အကုန်အကြပ်တည်းရိုက်နေမှာဖြစ်တယ် အခုဆို စက်သုံးဆီဈေးမြင့်ရုံမကဘူး အခြားသော် ကုန်စည်းတွေလည်း ဈေးတွေတက်နေပါတယ် ကချင်ပြည်နယ်မှာဆို ပူတာအိုဘက်မှာ ဓါတ်ဆီတွေ ပြက်လပ်လာတာတွေ ကုန်ဈေးမြင့်တက်နေတာတွေက အခုဆို အရင်ထက် အဆပေါင်းများစွာ ဈေးကြီးနေပြီး “ဟု ၎င်းကပြောသည်။

လက်တလော စက်သုံးဆီဈေး မြင့်တက်လာမှုကြောင့် ကချင်ပြည်နယ်အတွင်းရှိ ကုန်းလမ်းပို့ဆောင်ရေး၊ရေလမ်းပို့ဆောင်ရေးတို့နှင့် လယ်ယာစိုက်ပျိုးတောင်သူများပါ ဆီဈေးမြင့်တက်လာမှုကြောင့် အခက်အခဲနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။
မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။