Trending Now

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသရှိ လူနေတိုက်ခန်းမီးလောင်မှု ၁၀ ဦး သေဆုံး

Spread the love

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသရှိ လူနေတိုက်ခန်းမီးလောင်မှု ၁၀ ဦး သေဆုံး

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၂၆

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသက လူနေတိုက်ခန်းအဆောက်အအုံတစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ရာ ၁၀ ဦး သေဆုံးကာ ကိုးဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ရှင်ကျန်းဒေသ အုရုချီမြို့မှာရှိတဲ့ လူနေတိုက်ခန်းအဆောက်အအုံတစ်ခုမှာ နိုဝင်ဘာ ၂၅ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ တရုတ်အဏာပိုင်တွေက ပြောပါတယ်။

မီးလောင်မှုအတွင်း သေဆုံးသွားသူတွေနဲ့ အဲ့ဒီတိုက်ခန်းတွေမှာ နေထိုင်တဲ့သူတွေဟာ တင်းကျပ်တဲ့ ကိုဗစ်စည်းကမ်းတွေကြောင့် အဆောက်အအုံအတွင်းမှာ သုံးလကျော်ကြာပိတ်မိနေသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ကနဦးစုံစမ်းစစ်ဆေးမှုအရ ၁၅လွှာမှာ ရှိတဲ့ အိပ်ခန်းတစ်ခုရဲ့ ဓာတ်အားကြိုးကနေ မီးလောင်မှုစတင်ဖြစ်ပွားကာ ၁၇ နှစ်လွာအထိ မီးလောင်ကျွမ်းသွားခဲ့ပြီး မီးငြိမ်းသတ်ဖို့ သုံးနာရီနီးပါ ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

မီးခိုးငွေ့ ရှုရှိုက်မိသူတွေနဲ့ ဒဏ်ရာရရှိသူတွေကို ဆေးရုံပို့ဆောင်ပေးထားရပြီး ဆေးရုံတင်ထားရသူအားလုံး အသက်ရှင်နိုင်မယ်လို့ မျှော်လင့်ရတယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။

ရှင်ကျန်းဒေသဟာ တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ ကိုဗစ်မူဝါဒအောက်မှာ ပိတ်ဆို့ခံနေရတာဖြစ်ပြီး ကိုဗစ်ပြန့်ပွားမှုကို တိုက်ဖျက်နိုင်ဖို့အတွက် အဲဒီဒေသကလူတွေကို သုံးလကျော် ပိတ်ဆို့ထားတယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ပွားရာကို မီးသတ်ကားတွေ အချိန်မှီမရောက်ရှိခဲ့တာဟာ တင်းကျပ်တဲ့ ကိုဗစ်စည်းကမ်းတွေကြောင့်လို့ လူမှုကွန်ရက်အသုံးပြုသူတွေက ဒေါသထွက်နေကြပြီး ရှင်ကျန်းဒေသက ပြည်သူတွေဟာ တင်းကျပ်တဲ့ ကိုဗစ်မှုဝါဒကို စိတ်ပျက်နေကြတယ်လို့ ဆိုပါတယ်။

— ကိုးကား —
AP
ref; 10 killed in apartment fire in northwest China’s Xinjiang

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။