Trending Now

တရုတ် ဓါတုပစ္စည်းစက်ရုံပေါက်ကွဲမှုကြောင့် သေဆုံးသူမြင့်တက် ၊ အနည်းဆုံး ၅၀ နီးပါးသေဆုံးဖွယ်ရှိနေ

Spread the love

တရုတ်  ဓါတုပစ္စည်းစက်ရုံပေါက်ကွဲမှုကြောင့် သေဆုံးသူမြင့်တက် ၊ အနည်းဆုံး ၅၀ နီးပါးသေဆုံးဖွယ်ရှိနေ

EPN
နိုင်ငံတကာ၊ မတ် ၂၂

တရုတ်နိုင်ငံအရှေ့ပိုင်းရှိဓါတုစက်ရုံတစ်ခုမှာ ယမန်နေ့ကပေါက်ကွဲမှုဖြစ်ခဲ့တာ ကြောင့်သေဆုံးသူမြင့်တက်နေပြီး  ၄၇ ဦးသေဆုံးကာ ၆၄၀  ကျော် ဒဏ်ရာရသွားခဲ့တယ်လို့သိရပါတယ်။

ပေါက်ကွဲမှုတွေကြောင့် ငလျင်ငယ်လှုပ်ခတ်မှုတွေလည်းဖြစ်ခဲ့ကြောင်း  တရုတ် ငလျင်တိုင်းတာရေးအဖွဲ့တွေက ပြောပါတယ်။ အသက်ရှင်ကျန်ရစ်သူ တွေကို ဆေးရုံ ၁၆ ခုကိုတင်ပို့ခဲ့ပြီး ဒဏ်ရာရသူ ၆၄၀ အနက် သုံးပုံနှစ်ပုံက ဆိုးရွားတဲ့ဒဏ်ရာမျိုးရရှိခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေကပြောပါတယ်။


ပေါက်ကွဲမှုဖြစ်ပွားတဲ့စက်ရုံဟာ  အော်ဂင်းနစ်  ဓါတုပစ္စည်းတွေထုတ်လုပ်တဲ့စက်ရုံဖြစ်ပြီး စက်ရုံအတွင်းရှိ အဆောက်ဦးတွေထိခိုက်ပျက်စီးသွားပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားတာနဲ့ပတ်သက်လို့  အသေးစိတ်စုံစမ်းစစ်ဆေးသွားမယ်လို့ တရုတ်အာဏာပိုင်တွေကပြောပါတယ်။

တရုတ် ဓါတုပစ္စည်းထုတ်လုပ်ရေးစက်ရုံတွေမှာ ပေါက်ကွဲမှုတွေမကြာခဏဖြစ်နေပြီး  စက်ရုံအတွင်းဘေးကင်းစိတ်ချရမှု လုပ်ဆောင်မှုပိုင်းအားနည်းချက်တွေရှိနေတယ်လို့  ဝေဖန်မှုတွေရှိနေပါတယ်။
————————————————

EPN






Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။