Trending Now

ကသာမြို့အထွက် ပူးပေါင်းစစ်ဆေးရေး ဂိတ်မှာ မူးယစ်ဆေးဝါး သယ်ဆောင်လာသူ ၂ ဦးကို ဖမ်းမိ

Spread the love

ကသာမြို့အထွက် ပူးပေါင်းစစ်ဆေးရေး ဂိတ်မှာ မူးယစ်ဆေးဝါး သယ်ဆောင်လာသူ ၂ ဦးကို ဖမ်းမိ

EPN
ကသာ ၊ မေ ၁၉

စစ်ကိုင်းတိုင်း ၊ ကသာမြို့ ၊ မြို့အထွက် ပူးပေါင်း စစ်ဆေးရေးဂိတ်မှာ မေ ၁၈ ရက် ၊ မနေ့က နေ့ခင်းပိုင်းက မူးယစ်ဆေးဝါး သယ်ယူလာတဲ့ လူ ၂ ယောက်ကို ဖမ်းဆီးရမိတယ်လိုံ အဲ့ဒီ ဂိတ်တာဝန်ရှိသူတွေဆီက သိရပါတယ်။

” ကသာမြို့ဘက်ကနေ အင်းတော်မြို့ဘက်ကို ဦးတည်မောင်းလာတဲ့ ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးတဲ့အခါ ဆိုင်ကယ်ရှေ့ ခွကြားထဲမှာ တင်လာတဲ့ လက်ဆွဲခြင်းထဲကနေ ဘိန်းဖြူဆပ်ပြာခွက် ၂၂ ခွက်နဲ့စိတ်ကြွဆေးပြား ၁ ထုပ်မှာ အပြား ၁၈၀ ပါတဲ့ အထုပ် ၃ ထုပ် ဖမ်းမိတာပါ ” လို့ ပူးပေါင်းစစ်ဆေးရေးဂိတ် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို အင်းတော်မြို့ ၊အောင်ဇေယျရပ်ကွက် မှာနေတဲ့ ကိုကျော်စိုးသိန်း ခေါ် ကိုစိုးသိန်း ဆိုသူနဲ့ ကိုကျော်နိုင်ဦး ဆိုတဲ့သူ ၂ ယောက်က ဆိုင်ကယ်နဲ့ သယ်ယူလာခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ကသာမြို့ထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်က မူးယစ်ဆေးဝါး သယ်ယူလာသူ လူ ၂ ဦးကို အမှုဖွင့်အရေးယူဖို့ စီစဉ် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။