Trending Now

မြင်းမူမြို့နယ်က အကြမ်းဖက်စခန်းတစ်ခုကို နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့ ဝင်ရောက်ရှင်းလင်း၊ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

Spread the love

မြင်းမူမြို့နယ်က အကြမ်းဖက်စခန်းတစ်ခုကို နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့ ဝင်ရောက်ရှင်းလင်း၊ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ
EPN
မြင်းမူ၊ ဖေဖော်ဝါရီ ၂၁
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ စံဒင်ကင်းကျေးရွာအနီးမှာ စခန်းချ အခြေပြုနေတဲ့ အကြမ်းဖက်အဖွဲ့ စခန်းတစ်ခုကို ဖေဖော်ဝါရီ ၂၁ ရက် ၊ မနေ့မနက်ပိုင်းက နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့က ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ စံဒင်ကင်းကျေးရွာခံ တချို့ထံက သိရပါတယ်။
“မနက်အစောပိုင်းက သေနတ်ပစ်သံတွေကြားရတယ် ၊ အကြမ်းဖက်အဖွဲ့တွေနေတဲ့ တဲကိုဝင်စီးခံရတာ ” လို့ ရွာခံ တစ်ယောက်က ပြောပြပါတယ်။
အဲ့ဒီ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး မြင်းမူးမြို့နယ် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူ တစ်ယောက်က ” အကြမ်းဖက် အဖွဲ့ဝင်
ကျား ၂ လောင်း၊ အကြမ်းဖက်သမား ကျား ၃ဦး၊ မ ၇ ဦးအရှင်ဖမ်းဆီးရမိပြီး လက်လုပ်သေနတ်အရှည် ၄၃ လက်၊ လက်လုပ်စိန်ပြောင်း ၅ လက်၊ လက်လုပ်သေနတ်အတို ၁၂ လက်၊ လက်လုပ်ကျည်ဆံများ၊ လက်လုပ်မိုင်းများ၊ ဆိုလာပြားများ၊ သံပိုက်လုံးများ၊ ဆိုင်ကယ်များနှင့် မိုင်းပြုလုပ်ရန်ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ ကနဦး သိထားရသေးပါ ၊ ဆက်လက်ရှင်းလင်းနေတုန်း၊ စစ်ကြောင်းဘက်က ထိခိုက်ဒဏ်ရာရတာ မရှိဘူး ” လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းအတွင်းက ရေဦး၊ ခင်ဦး၊ ရွှေဘို၊ ယင်းမာပင်၊ မြောင် စတဲ့ မြို့နယ်တွေဘက်က အကြမ်းဖက်အဖွဲ့တွေ အခြေပြုစခန်းချထားတဲ့ နေရာတွေကို ဒီကနေ့ ရှင်းလင်းရာမှာ အကြမ်းဖက် အလောင်းတွေနဲ့ လက်နက်ခဲယမ်းမျိုးစုံး အမြောက်အများ သိမ်းဆီးရမိတယ်လို့ သိရပါတယ် ။
သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။