Trending Now

ဝိုင်းမော်မြို့နယ်၊ ဆိုင်လော် အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူများအတွက် သောက်သုံးရေ အခက်အခဲဖြစ်နေ

Spread the love

ဝိုင်းမော်မြို့နယ်၊ ဆိုင်လော် အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူများအတွက် သောက်သုံးရေ အခက်အခဲဖြစ်နေ

EPN
ဝိုင်းမော်၊ မေ ၁၂

ဝိုင်းမော်မြို့နယ်၊ ဆိုင်လော် ကျေးရွာအုပ်စု၊ ဆိုင်လော် အခြေခံပညာ အထက်တန်း ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအတွက် သောက်သုံးရေ အခက်အခဲများ ရှိနေကြောင်း ဆိုင်လော် အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ထံမှ သိရသည်။

ဆိုင်လော် အခြေခံပညာ အထက်တန်း ကျောင်းအား ၂၀၂၁ ပညာသင်နှစ် အတွင်းက စတင်၍ အလယ်တန်း အဆင့်မှ အထက်တန်းအဆင့်သို့ ပြောင်းလဲခဲ့ပြီး လက်ရှိအချိန်တွင် ကျောင်းသားဦးရေး တိုးမြင့် လာသည်ဖြစ်၍ ကျောင်းသား၊ကျောင်းသူများအတွက် သောက်သုံးရေ အခက်အခဲ ရှိနေကြောင်း ဆိုင်လော်အခြေခံပညာ အထက်တန်း ကျောင်းအုပ်ဆရာမကြီးက ပြောသည်။

” ကျမတို့ ကျောင်းမှာ ကျောင်းသာ၊ကျောင်းသူတွေ အတွက် သောက်သုံးရေ အခက်အခဲဖြစ်နေတာ ကြာပြီ။ သောက်သုံးရေ ရဖို့အတွက် တောင်ကျရေကို ပိုက်နဲ့သွယ်ပြီး ယူနေရတယ်။ ကလေးတွေ ကျန်မာရေးအတွက် အဆင်မပြေဘူး ငှက်ဖျားရောဂါ၊ ဝမ်းပျက်ဝမ်း‌ေလှျာ တွေဖြစ်ကြတယ်။ ဒီနှစ်က ကျောင်းသား၊ ကျောင်းသူ ပိုများလာမယ် အဲ့တာကြောင့် သောက်သုံးရေက အရင်နှစ်တွေထက် ပိုခက်ခဲတော့မှာ ဟုတ်တယ် ” ဟု ဆိုင်လော်ကျောင်းအုပ် ဆရာမကြီး ကရှင်းပြသည်။

ဆိုင်လော် အခြေခံပညာအထက်တန်း ကျောင်း ၌ သောက်သုံးရေ ခက်ခဲနေမှုများ အတွက် အဆင်ပြေစေရန် ‌လုပ်ငန်းရှင်များမှ ရေသန့်စက်တစ်လုံး လှူဒါန်း ပေးထားသောလည်း လျှပ်စစ်မီး အဆင်မပြေသည့်အတွက် လက်ရှိအချိန်ထိ တောင်ကျရေကိုသာ ကျိုချက်သောက်သုံး နေရကြောင်း သိရသည်။

ဆိုင်လော် အခြေခံပညာအထက်တန်း ကျောင်းတွင် လိုအပ်နေသည့် သောက်သုံးရေနှင့် လျှပ်စစ်မီး အဆင်ပြေစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများ ကူညီဆောင်ရွက် ပေးစေလိုကြောင်း ဒေသခံများက လိုလားနေကြသည်။

ဆိုင်လော် အခြေခံပညာ မူလတန်းကျောင်းအဆင့်အား (၁၉၄၈) ခုနှစ်ခန့်က စတင် အကောင်ထည်ဖော် ဆောင်ရွက်ခဲ့သည့် ကျောင်းတစ်ခုဖြစ်ပြီး လက်ရှိအချိန်တွင် မူလတန်းကျောင်းအဆင့်မှ အထက်တန်းကျောင်း အဆင့်သို့ တိုးချဲ့ ဖွင့်လှစ်လာနိုင်ခဲ့ရာ ကျောင်းအတွင်း၌ လိုအပ်မှုရှိနေသည့်၊ ကျောင်းဆောင်သစ်များ၊ ဆရာ၊ ဆရာမများ လျှပ်စစ်မီးနှင့် သောက်သုံးရေ ကဏ္ဍများကို ဦးစားပေး ဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။

လာမည့် ၂၀၂၃-၂၄ ပညာသင်နှစ်တွင် ဆိုင်လော်အခြေခံပညာအထက်တန်း ကျောင်းတွင် KG၊ တန်းမှစ၍ K-12 စနစ် သစ် ပညာရေး တန်းခွဲများ ထည့်သွင်း သင်ကြားသွားမည်ဖြစ်သည့် အတွက် ဆိုင်လော်၊ လော်ဆာ၊ ဖုန်းဒန်ကောင်၊ အူယာယာန်၊ စသည့် ကျေးရွာ များမှ ကျောင်းသား၊ကျောင်းသူ (၅၀၀) ကျော် ခန့်၊ ဆိုင်လော်အခြေခံ ပညာအထက်တန်းကျောင်းတွင် လာရောက် ပညာသင်ကြားမည်ဖြစ်ကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။