Trending Now

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုအတွင်း နယ်ခြားစောင့်တပ်သားတစ်ဦး သေဆုံးခဲ့

Spread the love

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုအတွင်း နယ်ခြားစောင့်တပ်သားတစ်ဦး သေဆုံးခဲ့

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၀

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ထရီပူရာ ပြည်နယ်ရှိ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် လုံခြုံရေးတပ်ဖွဲ့ (BSF) အား စစ်သွေးကြွးများ၏ တိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်တပ်သားတစ်ဦး ယမန်နေ့က သေဆုံးသွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

မြို့တော် ထရီပူရမြို့၏ အရှေ့ဘက် ၁၇၅ ကီလိုမီတာအကွာ ထရီပူရခရိုင်ရှိ ဝေးလံခေါင်သီသော သစ်တောဧရိယာတွင် နယ်ခြားစောင့်တပ်များသည် ကင်းလှည့်နေစဉ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထရီပူရာ အမျိုးသားလွတ်မြောက်ရေးတပ်ဦး (NLFT-BM) သောင်းကျန်းသူဟု ယူဆရသည့် အဖွဲ့နှင့် နှင့် အပြန်အလှန် ပစ်ခတ်မှုအတွင်း နယ်ခြားစောင့်တပ်သားတစ်ဦးသည် ပြင်းထန်သော ဒဏ်ရာများကြောင့် သေဆုံးခဲ့ကြောင်း BSF က ထုတ်ပြန်ခဲ့သည်။

BSF ၏အဆိုအရ စစ်သွေးကြွများသည် ဧရိယာ၏ထူထပ်သော သစ်တောကို အခွင့်ကောင်းယူကာ အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးသွားခဲ့ကြကြောင်းသိရသည်။

နယ်ခြားစောင့်တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့သူများအား ခြေရာခံလိုက်လံခြေမှုန်းရန်အတွက် BSF မှ တပ်ဖွဲ့ဝင်များ ရောက်ရှိလာကြောင်း သတင်းများက ဆိုသည်။

source – xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။