Trending Now

ကျောင်းသား၊ ကျောင်းသူများအတွက် နွေရာသီအားလပ်ရက် သင်တန်းများ သင်ကြားပို့ချ

Spread the love

ကျောင်းသား၊ ကျောင်းသူများအတွက် နွေရာသီအားလပ်ရက် သင်တန်းများ သင်ကြားပို့ချ

EPN
မြစ်ကြီးနား၊ ဧပြီ ၄ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပြည်နယ်ပညာရေးမှူးရုံးမှ ကြီးမှူးကာ နွေရာသီအားလပ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများအတွက် ဘင်ခရာ၊ အိမ်တွင်းမှု၊ ကင်းထောက်၊ ပန်းချီ၊ ပိုစတာ၊ ကွန်ပျူတာပန်းချီနှင့် ယာဉ်ကျေးလိမ္မာ သင်တန်းများ သင်ကြားပို့ချ ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းများ ဖွင့်လှစ်ရခြင်းမှာ ကျောင်းသား၊ ကျောင်းသူများအတွက် နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန်နှင့် ကလေးငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်ကာ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ် ပညာရေးမှူးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” အခုဆို နွေရာသီ ကျောင်းတွေပိတ်ထားတော့ ကလေးငယ်တွေကို အချိန်ကို အကျိုးရှိရှိ အသုံးချတက်စေဖို့။ နောက်ပြီး ကလေးငယ်တွေရဲ့ ဗလငါးတန် တိုးတက်စေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်တယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ (ဧပြီလ ၄ရက်နေ့)၊ နံနက်ပိုင်းက အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးခက်ထိန်နန်မှတက်ရောက်အဖွင့်မှာစကား ပြောကြားခဲ့ကာ ထောက်ပံ့ငွေကျပ် သိန်း (၂၀)ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ဧပြီလ (၃)ရက်နေ့မှ (၇)ရက်နေ့အထိ ၅ ရက်ကြာ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် သင်ကြားပို့ချသွားမည်ဖြစ်ပြီး၊ သင်တန်းနည်းပြ (၃၀)ဦး၊ သင်တန်းသား (၅၀၀)ဦးတို့ဖြင့် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။