Trending Now

အမေရိကန်ရဲ့ တစ်ဖက်သတ်အနိုင်ကျင့်မှုကို ရပ်တန့်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး သတိပေး

Spread the love

အမေရိကန်ရဲ့ တစ်ဖက်သတ်အနိုင်ကျင့်မှုကို ရပ်တန့်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး သတိပေး

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၄

အမေရိကန်ရဲ့ တစ်ဖက်သတ်အနိုင်ကျင့်တဲ့ လုပ်ရိုးလုပ်စဉ်ဟောင်းတွေကို ရပ်တန့်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် နဲ့ ဖုန်းခေါ်ဆိုမှုအတွင်း သတိပေးခဲ့ပါတယ်။

အမေရိကန်က တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖိနှိပ်ဖို့ ကြိုးစားနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောဆိုခဲ့ပြီး “ဆာလာမီ”နည်းဗျူဟာတွေနဲ့ တရုတ်ရဲ့ အနီရောင်မျှဉ်းကို စိန်ခေါ်ခြင်းပြုဖို့ သတိပေးခဲ့ပါတယ်။

ဝမ်ယိ ဆိုလိုတာက ခက်ခဲ ကြီးမားတဲ့ လုပ်ဆောင်ချက်တစ်ခု ပြီးမြောက်ဖို့ သေးငယ်တဲ့ လုပ်ဆောင်ချက်တွေ ဆက်တိုက်အသုံးပြုကာ အောင်မြင်အောင်လုပ်ဆောင်တဲ့ နည်းဗျူဟာကို ရည်ညွန်းခဲ့တာဖြစ်ပါတယ်။

မကြာသေးမီ ရက်သတ္တပတ်တွေအတွင်းမှာ ခေါင်းဆောင်နှစ်ဦးက သံတမန်ရေးရာအရ ပြန်လည် ပူးပေါင်းနိုင်ဖို့ ကြိုးစားခဲ့ကြပေမယ့် ကမ္ဘာ့အကြီးဆုံး စီးပွားရေး နှစ်နိင်ငံကြား နက်ရှိုင်းစွာ အမြစ်တွယ်နေတဲ့ တင်းမာမှုတွေကို ဝမ်ယိ ရဲ့ မှတ်ချက်က မီးမောင်းထိုးပြခဲ့ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ပြီးခဲ့တဲ့လက ဘာလီမှာ ကျင်းပပြုလုပ်ခဲ့တဲ့ G20 ထိပ်သီးအစည်းအဝေးအတွင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ လူချင်းတွေ့ဆုံခဲ့ကြပြီး ထိုင်ဝမ်ပြဿနာတွေ အပါအဝင် ပြဿနာ အများအပြားကို ဆွေးနွေးခဲ့ကြပါတယ်။

ထိုင်ဝမ်ကို တရုတ်ရဲ့ပိုင်နက်နယ်မြေအဖြစ် ယူဆထားပြီး အမေရိကန်က တရုတ်ရဲ့ ပင်မအကြိုးစီးပွားတွေကို ဖြတ်ထုတ်ဖို့ကြိုးစားနေတာကို ရှောင်ရှားဖို့ တရုတ်က ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။

ထိုင်ဝမ်အရေးဟာ အမေရိကန်-တရုတ် ဆက်ဆံရေးမှာ ဖြတ်ကျော်လို့မရတဲ့ ပထမ အနီရောင်မျှဉ်းလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောဆိုခဲ့ပါတယ်။

— ကိုးကား —
aljazeera
ref; China’s foreign minister warns US not to cross its ‘red line’

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။