Trending Now

ရန်ကုန်-မန္တလေး အမြန်လမ်း၌ ယာဉ်သုံးစီးဆင့် တိုက်မှုဖြစ်ပြီး နှစ်ဦးသေဆုံး

Spread the love

ရန်ကုန်-မန္တလေး အမြန်လမ်း၌ ယာဉ်သုံးစီးဆင့် တိုက်မှုဖြစ်ပြီး နှစ်ဦးသေဆုံး

EPN
ရန်ကုန်၊ ဇန်နဝါရီ ၁၈ (၂၀၂၀၄)

ရန်ကုန် – မန္တလေး အမြန်လမ်းဟောင်း ပဲခူးမြို့နယ်၊ ဘုရားကြီး မြို့၊ ပဒေသာရပ်ကွက်ရှိ ယမင်းထမင်းဆိုင်ရှေ့၌ ယမန်နေ့ ဇန်နဝါရီလ ၁၇ ရက်နေ့၊ မွန်းလွဲ ၂နာရီ ၅၀ မိနစ်အချိန်က ယာဉ် ၃ စီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး လူနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုသည် ပထမ ဆီဘောက်ဆာယာဉ်မှ နောက်ကယာဉ်ကြောကို မကြည့်ဘဲ ကွေ့ချလိုက်သဖြင့် အနာက်မှ မောင်းလာသည့် Light Truck ကဝင်တိုက်မိပြီး ခေါင်းရမ်းကာ ထမင်းဆိုင်ရှေ့၌ရပ်ထားသည့် ဖောကားကို ဝင်တိုက် မိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် Light Truck ကားပေါ်တွင် လိုက်ပါလာသည့် အသက် (၄၀)နှစ်ဝန်းကျင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့တွင် ဦးခေါင်းထိခိုက် ဒဏ်ရာများ ပြင်ထန်စွာရရှိခဲ့ပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရ်ှသူ တစ်ဦးက ပြောသည်။

“ Light Truck ကားပေါ်က ကားခေါင်းခန်းထဲပါတဲ့ ယာဉ်မောင်းနဲ့ အမျိုးသမီးတစ်ဦးက သေဆုံးတယ်။ အမျိုးသမီး ဆိုရင် ခေါင်းတစ်ခြမ်းလုံး ကြေသွားပြီ။ ဆေးရုံပို့နေတုန်း ကားပေါ်မှာပဲ ဆုံးသွားတာ။ အမျိုးသားကတော့ ခေါင်းနဲ့ရင် ဘတ်တွေမှာ ဒဏ်ရာကြီးတွေရပြီး ဆေးရုံမှာ ဆုံးသွားတာပါ ” ဟု ၎င်းကပြောသည်။

သေဆုံးသူအမျိုးသားနှင့် အမျိုးသမီးတို့အား ဘုရားကြီးလူငယ် (ဂတုံးအဖွဲ့)မှ ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ ဇန်နဝါရီလ ၁၇ ရက်၊ နံနက် ၆နာရီဝန်းကျင် အချိန်ခန့်တွင်လည်း ရန်ကုန်မြို့၌ တွဲကားနှင့် စက်ရုံဖယ်ရီကား တို့တိုက်မိခဲ့ရာ လူ (၃၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

အလင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။