Trending Now

ဒုံးကျည်ပစ်လွှတ်မှုဟာ နည်းဗျူဟာမြောက် နျူကလီးယား တန်ပြန်တိုက်ခိုက်မှု လေ့ကျင့်မှုဖြစ်လို့ မြောက်ကိုရီးယားပြောဆို

Spread the love

ဒုံးကျည်ပစ်လွှတ်မှုဟာ နည်းဗျူဟာမြောက် နျူကလီးယား တန်ပြန်တိုက်ခိုက်မှု လေ့ကျင့်မှုဖြစ်လို့ မြောက်ကိုရီးယားပြောဆို

EPN
နိုင်ငံတကာ၊ မတ် ၂၁

တနင်္ဂနွေနေ့ မနက်မှာ နျူကလီးယားထိပ်ဖူးအတု တပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုဟာ နည်းဗျူဟာမြောက်နျူကလီးယားတန်ပြန်တိုက်ခိုက်မှုအသွင် လေ့ကျင့်မှုရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ မြောက်ကိုရီးယားက ပြောဆိုလိုက်ပါတယ်။

အာဏာရ အလုပ်သမားပါတီရဲ့ သတင်းစာ Rodong Sinmun က နည်းဗျူဟာမြောက်ပဲ့ထိန်းဒုံးကျည်တစ်စင်းကို အနောက်မြောက်ပိုင်းပြည်နယ် ကနေ နိုင်ငံရဲ့အရှေ့ဘက်ကမ်း ပင်လယ်တွင်းကို ဦးတည်ပစ်လွှတ် ခဲ့တယ်လို့ အစီရင်ခံထားပါတယ်။

အဲဒီလေ့ကျင့်မှုထဲမှာ နျူကလီးယားတိုက်ခိုက်ရေး အပြီးသတ် အမိန့်အတွက် နဲ့ နျူကလီးယားတိုက်ခိုက်မှုပြုလုပ်ဖို့ ပြောင်းလဲရေးအတွက် လုပ်ငန်းစဉ်တွေ ပါဝင်တယ်လို့ အဲဒီသတင်းစာထဲမှာ အစီရင်ခံထားပါတယ်။

အဲဒီဒုံးကျည်ဟာ နျူကလီးယားထိပ်ဖူးအတုကို သယ်ဆောင်ထားပြီး ကီလိုမီတာ ၈၀၀ အကွာ တိုက်ခိုက်ရေးပစ်မှတ်ထားတဲ့ ပင်လယ်အထက် မီတာ ၈၀၀ မှာ အတိအကျပေါက်ကွဲခဲ့တယ်လို့ အဲဒီသတင်းစာမှာ ဆိုထားပါတယ်။

အဲဒီပစ်လွှတ်လေ့ကျင့်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ဟာ သူ့ရဲ့ သမီးနဲ့အတူ ကြီးကြပ်ကွတ်ကဲခဲ့တာဖြစ်ပါတယ်။
ဘယ်အချိန်မှာပဲဖြစ်ဖြစ် နျူကလီးယားတိုက်ခိုက်မှုကို လျင်မြန်တိကျစွာနဲ့ လုပ်ဆောင်နိုင်တာဟာ ရန်သူကို တကယ်လက်တွေ့တိုက်ခိုက်နိုင်တဲ့နည်းလမ်ဖြစ်တယ်လို့ ကင်ဂျုံအန်း က ပြောတဲ့အကြောင်း သိရပါတယ်။

နိုင်ငံအနေနဲ့ ပြင်ဆင်မှုတွေကို အပြည့်အဝပြုလုပ်ထားတဲ့အခါ စစ်ကိုတားဆီးရေး အရေးပါတဲ့ဗျူဟာမြောက်လုပ်ငန်းတွေကို ပြည့်ပြည့်ဝဝ ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ သူက ဖြည့်စွက် ပြောဆိုခဲ့ပါတယ်။

source : NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။