Trending Now

မန္တလေး – စစ်ကိုင်း – ရွှေဘိုကားလမ်းမှာရှိတဲ့ အောင်တေဇ စက်သုံးဆီဆိုင် ဓားပြအတိုက်ခံရ

Spread the love

မန္တလေး – စစ်ကိုင်း – ရွှေဘိုကားလမ်းမှာရှိတဲ့ အောင်တေဇ စက်သုံးဆီဆိုင် ဓားပြအတိုက်ခံရ

EPN
ဝက်လက် ၊ ဇွန် ၆

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက် မြို့နယ် ၊ စိုင်နိုင်လေးကျေးရွာနားကမန္တလေး – စစ်ကိုင်း – ရွှေဘိုကားလမ်း မှာရှိတဲ့ အောင်တေဇ စက်သုံးဆီဆိုင်ဟာ အခုလ ၅ ရက် ၊ မနေ့ကည ၇ နာရီဝန်းကျင်က ဓားပြအတိုက်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” ဆိုင်ကယ်နဲ့ မျက်နှာဖုံးစွပ်ထားတဲ့သူတွေ ဆိုင်ထဲကိုရောက်လာပြီး ၊ ဆီရောင်း ကောင်တာထဲက ပိုက်ဆံ သိန်း ၃၀ ကျော်ကို အတင်းလုယူသွားတာ ” လို့ ဆိုင်ဝန်ထမ်းတွေနဲ့ နီးစပ်သူ တစ်ယောက်က ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဒီကနေ့ မနက်ပိုင်းမှာတော့ ဓားပြအတိုက်ခံရတဲ့ စက်သုံးဆီဆိုင်ကို စစ်သားနဲ့ ရဲတွေရောက်လာပြီး အမှုဖွင့်ဖို့ စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မုံရွာမြို့နယ် ၊ ဖန်းခါးကျင်းကျေးရွာအနီး မန္တလေး – မုံရွာ – ရေဦးကားလမ်း ဘေးက BOC စက်သုံးဆီ အရောင်းဆိုင်မှာလည်း အလားတူ ဓားပြတိုက်ခံရတဲ့ ဖြစ်စဥ် တခု ဖြစ်ပွားခဲ့ပါသေးတယ်။
အဲ့ဒိအပြင် စစ်ကိုင်းတိုင်းထဲမှာ အခုရက်ပိုင်းအတွင်း ဓားပြတိုက်ခံရတာ ၊ လုယက်ခံရတာ ၊ ဖောက်ထွင်းခိုယူခံရတဲ့ ဖြစ်စဥ်တွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။