Trending Now

မလေးရှား ကာကွယ်ရေးဝန်ကြီးဟောင်း၏သားကို မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်ရှစ်လ ချမှတ်

Spread the love

မလေးရှား ကာကွယ်ရေးဝန်ကြီးဟောင်း၏သားကို မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်ရှစ်လ ချမှတ်

EPN
နိုင်ငံတကာ၊ ဇွန် ၂၄

ပြီးခဲ့သည့်နှစ်က ကျူးလွန်ခဲ့သော မူးယစ်ဆေးသုံးစွဲမှုကြောင့် မလေးရှား ကာကွယ်ရေးဝန်ကြီးဟောင်း မိုဟာမက်ဆာဘူ၏ သားဖြစ်သူကို ထောင်ရှစ်လ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။

အသက် ၃၂ နှစ်အရွယ် အာမက်ဆိုင်ဖူးအစ္စလာမ်အပေါ် ပြစ်ဒဏ်ချမှတ်မှုကို တရားသူကြီး မိုဟာမက်အိုင် ဇတ်အဒူရာဟင်က ဖတ်ကြားခဲ့ခြင်းဖြစ်သည်။

“တရားစွဲဆိုမှုနဲ့ပတ်သက်လို့ ခိုင်မာတဲ့ချေပမှုမပြုလုပ်နိုင်တာဘူးလို့ တရားရုံးက တွေ့ရှိခဲ့ပါတယ်” ဟု အ ဒူရာဟင်က ယနေ့ ပြောကြားသည်။

အာမက်ဆိုင်ဖူးသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက် နံနက် ၂ နာရီဝန်းကျင်တွင် ကွာလာလမ်ပူမြို့ရှိ ဖျောဖြေရေးနေရာတစ်ခု၌ ဆေးခြောက်များသုံးစွဲထားကြောင့် တွေ့ရှိခဲ့သည်။

“စွပ်စွဲခံရသူဟာ အရင်က ဥပဒေလိုက်နာတဲ့ နိုင်ငံသားတစ်ဉီးဖြစ်ပါတယ်။ တရားရုံးက ပြစ်ဒဏ် ပြင်းပြင်း ထန်ထန် ချမှတ်မယ်ဆိုရင် မိသားစုရဲ့စားဝတ်နေရေးကို ထိခိုက်ပါလိမ့်မယ်” ဟု တရားခံ၏ရှေ့နေ နီကိုးလပ်စ် ကော်က ပြောသည်။

သူ့ကို ထောင်ဒဏ်ချမှတ်မယ်ဆိုရင် မိသားစုက အခက်အခဲကြုံတွေ့ရမှာ အသေအချာပါပဲ။ ဒါကြောင့် တရားခံရဲ့ ပြစ်ဒဏ်လျော့ပေါ့ပေးဖို့ အသနားခံစာကို ကျွန်တော် ထည့်သွင်းစဉ်းစားခဲ့ပါတယ်” ဟု အိုင်ဇက်က ပြောသည်။

သို့သော်လည်း တရားရုံးအနေဖြင့် ပြည်သူ့အကျိုးစီးပွားကို ပိုမို စဉ်းစားရပြီး စံနမူနာတစ်ခုအနေဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း ၄င်းက ဆိုသည်။

ပြစ်ဒဏ်ချမှတ်သည့်နေ့မှစ၍ ပြစ်ဒဏ်ကိုထမ်းဆောင်ရန် အိုင်ဇက်က အာမက်ဆိုင်ဖူးကို အမိန့်ချမှတ် ခဲ့ပြီး အမျိုးသား မူးယစ်ဆေးတိုက်ဖျက်ရေးအေဂျင်စီကလည်း နှစ်နှစ်ကြာ စောင့်ကြည့်သွားမည်ဖြစ်သည်။

အာမက်ဆိုင်ဖူးကို ရင်းဂစ် ၅၀၀၀ သို့မဟုတ် ထောင်ဒဏ် နှစ်နှစ်အထိ ကျခံရနိုင်သည့် မူးယစ်ဆေးဝါး အက်ဥပဒေဖြင့် ဇွန်လ ၁၃ ရက်က စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

–ကိုးကား–
သည်စထရိတ်တိုင်းမ်
Ref; Son of Malaysia’s ex-minister Mohamad Sabu jailed for drug abuse


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။