Trending Now

ဗန်းမောက်မြို့နယ်ထဲမှာ ရွှေတူးဖော်ရေး လုပ်ကွက်များ မကြာခဏ ဆက်ကြေးပေးနေရ

Spread the love

ဗန်းမောက်မြို့နယ်ထဲမှာ ရွှေတူးဖော်ရေး လုပ်ကွက်များ မကြာခဏ ဆက်ကြေးပေးနေရ

 

EPN
ဗန်းမောက်၊ မတ် ၁၁

စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် မြောက်ပိုင်းက ဘူးတောင်း၊ ခေါင်းတုံးကျေးရွာ နဲ့ အင်းပေါက်ကျေးရွာတွေမှာရှိတဲ့ ရွှေတူးဖော်ရေး လုပ်ကွက်တွေဆီကို လက်နက်ကိုင်အဖွဲ့တွေက မကြာခဏ ဆက်ကြေးဝင်ကောက်နေတဲ့အတွက် ရွှေလုပ်ငန်းတွေ ရပ်နားထားကြတယ်လို့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

“အခုလ ၁ ရက်နေ့က ဆက်ကြေးလာကောက်တယ်၊ ဘက်ဟိုးတစ်စီးကို သိန်း ၂၀ ပေးရတယ်၊ ကောက်ပြီးတာ တစ်ပတ်ကျော်ပဲရှိသေးတာ ၉ ရက်နေ့က နောက်တစ်ကြိမ် လာကောက်ပြန်တယ် လက်နက်ကိုင်အဖွဲ့တွေ လာကောက်တာပါ ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေတူးဖော်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အခုလ ၉ ရက်နေ့ကလည်း ရွှေတူးဖော်ရေး လုပ်သားတွေရဲ့ စားသောက်ကုန်တွေကို ရိက္ခာအဖြစ် လာရောက်ယူဆောင်တာတွေ ရှိတယ်လို့ ပြောပါတယ်။

ဗန်းမောက်မြို့နယ်ထဲက ရွှေလုပ်ငန်းတချို့ဟာ စက်သုံးဆီ ပြတ်လတ်မှု ဖြစ်တဲ့အတွက် လုပ်ငန်းတွေ နားထားကြသလို စက်သုံးဆီ အလုံအလောက်ရှိတဲ့ လုပ်ကွက်တွေကလည် အကြမ်းဖက်သမားတွေ မကြာခဏ ဆက်ကြေး လာကောက်ခံနေတာကြောင့် လုပ်ငန်းတွေ နားထားရတယ်လို့ သိရပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။