Trending Now

တနိုင်းတွင် ရာသီဥတုအခြေအနေကြောင့် စိုက်ပျိုးထားသည့် မိုးစပါးပင်များ ရိတ်သိမ်းချိန်မရောက်မီ ပျက်စီးမှုဖြစ်ပေါ်နေ

Spread the love

တနိုင်းတွင် ရာသီဥတုအခြေအနေကြောင့် စိုက်ပျိုးထားသည့် မိုးစပါးပင်များ ရိတ်သိမ်းချိန်မရောက်မီ ပျက်စီးမှုဖြစ်ပေါ်နေ

EPN
မြစ်ကြီးနား၊နိုဝင်ဘာ ၄

ကချင်ပြည်နယ် တနိုင်းခရိုင် တနိုင်းမြို့နယ်အတွင်း စိုက်ပျိုးထားသည့် မိုးစပါးအများစုမှာ ရာသီဥတုအခြေအနေများကြောင့် ရိတ်သိမ်းချိန်မရောက်ခင် အဟာရချို့တဲ့ပြီး ခြောက်သွေ့ ပျက်စီးလာသည့်အတွက် စပါးအထွက်နှုန်းနည်းပါးမည်ကို စိုးရိမ်နေကြကြောင်း လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သူများထံမှ သိရသည်။

တနိုင်းမြို့နယ်တွင် နေထိုင်သူအများစုမှာ ဝမ်းစာရေးအတွက် လိုအပ်သည့် ဆန်စပါးအများစုကို ၎င်းတို့ကိုယ်တိုင် စိုက်ပျိုးလုပ်ဆောင်ခြင်းဖြစ်ပြီး ယခုနှစ်တွင် စိုက်ပျိုးထားသည့် စပါးပင်များမှာ ယခင်နှစ်ထက် သန်မာမှုမရှိခြင်း၊ အပင်များခြောက်သွေ့ခြင်း၊စသည့်လက္ခဏာများဖြစ်ပေါ်လာမှုကြောင့် စပါးအထွက်နှုန်းနည်းမည်က ိုစိုးရိမ်နေရကြောင်း လယ်လုပ်ကိုင်သူတစ်ဦးကပြောဆိုသည်။

“ဒီနှစ်ကစပါးပင်တွေ မသန်မာဘူး၊ အပင်တွေကခြောက်လာပြီး နီနီလေးတွေဖြစ်လာတာ၊ ပိုးကျတာမျိုးလည်းမဟုတ်ဘူး၊ အဟာာရချို့တဲ့သွားတာမျိုး‌ပေါ့၊ ကျွန်တော်တို့တွေကတော့ ရာသီဥတုကြောင့်လို့ပဲ ထင်ကြတယ်၊ဘာလို့လဲဆိုတော့ရာသီဥတုကမမှန်တော့ ရေရရှိမူတွေကလည်း မမှန်ဘူးလေ အဲ့တာကြောင့် စပါးပင်တွေမသန်မာတော့တာ၊ အရင်နှစ်ကဆို စပါးပင်တွေက အရမ်းသန်မာတယ်၊ စိမ်းနုနေတာတွေရှိခဲ့တာ အခုတော့အဲ့လိုမကြီးလာကြတော့ဘူး၊ စပါးလည်းအရင်နှစ်လို ရတော့မှာမဟုတ်ဘူး၊”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့်နှစ်တွင် တနိုင်းလယ်လုပ်သူများ လယ်တစ်ဧကအတွင်းမှ (သုံးဗုံးဆန့်)စပါးအိတ် ၆၀ ခန့်ရရှိခဲ့သော်လည်း ယခုနှစ်တွင် တစ်ဧကလျှင် အိတ် ၄၀ခန့်လောက်သာ ရရှိနိုင်သည့်အတွက် မိုးတွင်းထိ စပါးလုံလောက်မှုမရှိမည်ကိုစိုးရိမ်ကြပြီး မိသားစုထဲဝင်ငွေရရှိစေရန်အချို့လယ်သမားများမှာ စပါးမရိတ်သိမ်းမှီ ဆီမုန်ညင်းခင်းများကို လုပ်ကိုင်လာကြကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။