Trending Now

ဘေဂျင်းဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲအတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ဂုဏ်ပြုသဝဏ်လွှာ ပေးပို့

Spread the love

ဘေဂျင်းဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲအတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ဂုဏ်ပြုသဝဏ်လွှာ ပေးပို့
EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၂
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ပေကျင်းဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲ အောင်မြင်စွာပြီးဆုံးသွားသည့်အတွက် ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် တရုတ်သမ္မတ ရှီကျင့်ဖျင်ထံသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။
“ရန်လိုသောအဖွဲ့များ၏ ထိုးနှက်မှုများကြားမှ တရုတ်နိုင်ငံသည် အိုလံပစ်သမိုင်းတွင် ၎င်း၏အမှတ်အသားကို ချန်ထားခဲ့နိုင်သည်” ဟု ကင်ဂျုံအန်းက တရုတ်သမ္မတကို ချီးကျူးကြောင်း မြောက်ကိုရီးယား အလုပ်သမားပါတီသတင်းစာ Rodong Sinmun က ယနေ့ ဖော်ပြခဲ့သည်။
အဆိုပါ မှတ်ချက်သည် တရုတ်နိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အားကစားပွဲသို့ တာဝန်ရှိသူများ စေလွှတ်ရန် ငြင်းဆိုထားသည့် အမေရိကန်နှင့် အခြားနိုင်ငံများ၏ သံတမန် သပိတ်မှောက်မှုကို ရည်ညွှန်းပုံရသည်။
အဆိုပါ သဝဏ်လွှာတွင် မြောက်ကိုရီးယားခေါင်းဆောင်သည် အမေရိကန်ကို ဆန့်ကျင်သည့်အနေဖြင့် နှစ်နိုင်ငံ စည်းလုံးညီညွတ်မှု အားကောင်းစေရန် ဆန္ဒပြုကြောင်း အလေးပေးပြောကြားခဲ့သည်။
နှစ်နိုင်ငံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုနှင့် စည်းလုံးညီညွတ်မှုကို အားကောင်းစေခြင်းဖြင့် အမေရိကန်နှင့် ၎င်းတို့ မဟာမိတ်များ၏ ရန်လိုသည့်မူဝါဒနှင့် စစ်ရေးအရ ခြိမ်းခြောက်မှုများကို တုံ့ပြန်သွားမည်ဟု ကင်ဂျုံအန်း က ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် ဇန်နဝါရီတွင် ဒုံးကျည် ခုနစ်ကြိမ် စမ်းသပ်ပစ်ခတ်ခဲ့သော်လည်း ဖေဖော်ဝါရီလအစောပိုင်းမှ တနင်္ဂနွေနေ့အထိ ကျင်းပခဲ့သည့် ပေကျင်းအိုလံပစ်ပွဲတော်အတွင်း လွှတ်တင်မှုများကို ရပ်တန့်ခဲ့သည်။
အိုလံပစ်အားကစားပွဲများအတွင်း တရုတ်ကို စော်ကားခြင်းမှ ရှောင်ရှားရန် မြောက်ကိုရီးယားအနေဖြင့် ဒုံးကျည် စမ်းသပ်မှုများကို ရပ်တန့်ထားသည်ဟု လေ့လာသူအချို့က ယုံကြည်ကြသည်။
မတ်လတွင်ကျင်းပမည့် တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲအတွင်း မြောက်ကိုရီးယား၏ လှုပ်ရှားမှုများနှင့် ကွယ်လွန်သူ ကင်ဂျုံအန်း၏ အဖိုးဖြစ်သူ Kim Il Sung မွေးနေ့ နှစ် ၁၁၀ ပြည့် နှစ်ပတ်လည်နေ့ကို နိုင်ငံတကာက မျက်ခြေမပြတ် အနီးကပ် စောင့်ကြည့်နေကြသည်။
— ကိုးကား —
NHK
Ref; Kim Jong Un sends congratulatory message to Xi over Beijing Winter Olympics

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။