Trending Now

ဖားကန့်မြို့တွင် မူးယစ်ဆေးသုံးစွဲသူတစ်ဦး ကြိုးဆွဲချသေဆုံး

Spread the love

ဖားကန့်မြို့တွင် မူးယစ်ဆေးသုံးစွဲသူတစ်ဦး ကြိုးဆွဲချသေဆုံး

EPN
မြစ်ကြီးနား၊ ဇူလိုင် ၂၅

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယမန်နေ့ ဇူလိုင်လ ၂၄ရက်နေ့ ည(၉)နာရီခန့်က ဆိပ်မူကျေးရွာ ကျောက်ဝိုင်းထိပ်ရှိ သစ်ပင်တွင် မူးယစ်ဆေးသုံးစွဲသူတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ကျောက်ဝိုင်းထိပ်က သစ်ပင်ကြီးမှာ မနေ့က ည(၉)နာရီလောက်ကြီး ကြိုးဆွဲချ သေဆုံးနေတာကို တွေ့ခဲ့တယ်။ဒီလူက ဆေးသုံးစွဲသူလို့ ပြောကြတယ်၊ခန့်မှန်းအသက် က(၃၅)လောက်ရှိပြီလို့ ခန့်မှန်းတယ်၊ သေဆုံးသူက ဘယ်မှာနေသလဲ ဘာကြောင့် ဒီလိုလုပ်တာလဲဆိုတာကိုတော့ စုံစမ်းလို့မရသေးဘူး” ဟု ၎င်းကပြောသည်။

လက်ရှိတွင် သေဆုံးသူ၏ ရုပ်အလောင်းအား ဖားကန့်မြို့နယ်ရှိ လူမှုကူညီရေးအသင်းများမှ မြေမြုပ်သဂြိုလ်ပေးထားကြောင်း လိုက်ပါကူညီလုပ်ဆောင်ပေးခဲ့သည့် လူမှုကူညီရေးအသင်းထံမှ သိရသည်။

ရွေ့ပြောင်းလုပ်သားများပြားသည့် ဖားကန့်မြို့နယ်တွင် အလားတူ အမည်မသိရုပ်အလောင်းများကို မကြာခဏတွေ့မြင်နေရပြီး ဇူလိုင်လ (၁၁)ရက်နေ့တွင်လည်း ဥရုချောင်းအတွင်း ဓားဒဏ်ရာများဖြင့် သေဆုံးလျှက်ရှိသည့် အမည်မသိရုပ်အလောင်း တစ်လောင်းကိုတွေ့ရှိခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။