Trending Now

တနိုင်းချောင်းအထက် ရေကာတာအနီး ရေနှစ်ပျောက်ဆုံးနေသည့် ကလေးတစ်ဦးကို သုံးရက်ကြာအထိ ရှာမတွေ့သေး

Spread the love

တနိုင်းချောင်းအထက် ရေကာတာအနီး ရေနှစ်ပျောက်ဆုံးနေသည့် ကလေးတစ်ဦးကို သုံးရက်ကြာအထိ ရှာမတွေ့သေး

EPN
တနိုင်း၊ ဇန်နဝါရီ ၂၃

ကချင်ပြည်နယ် တနိုင်းခရိုင်၊ တနိုင်းမြို့ရှိ ရေကာတာအနီး သပြေချောင်းဝအဆုံတွင် ဇန်နဝါရီ ၂၁ ရက်နေ့က ရေနှစ်ပျောက်ဆုံးခဲ့သော အသက် ၁၂ နှစ်အရွယ်ရှိ ယောက်ျားလေးတစ်ဦးအား ‌ယနေ့အထိ ပြန်လည် မတွေ့ရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ကလေးသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်နေ့ ကျောင်းပိတ်ရက်နေ့က တနိုင်းချောင်းအထက်တွင်ရှိသော ရေကာတာအနီး သပြေချောင်းဝအဆုံတွင် သူငယ်ချင်းများနှင့်အတူ ရေဆင်းချိုးရာမှ ရေနှစ်ခဲ့ခြင်းဖြစ်ပြီး ‌၎င်းရေနှစ်သည့်နေ့မှ ယနေ့ ဇန်နဝါရီ ၂၃ ရက် သုံးရက်ကြာအထိ ရုပ်အလောင်းကို ရှာဖွေနေဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အဲ့ဒီနေ့က ကျောင်းပိတ်တော့ သူငယ်ချင်းတွေနဲ့ ရေသွားကူးကြတာလို့ ပြောတယ်၊သူငယ်ချင်းတွေ ဘယ်နှစ်ယောက်နဲ့သွားခဲ့လည်းတော့ သေချာမသိရဘူး၊ အဲ့ဒီကလေးက ရေနှစ်သွားလို့ လူကြီးတွေကိုအကြောင်းကြားပြီး ရှာခဲ့ပေမယ့် အခုထိမတွေ့ကြသေးဘူး၊ ၆ တန်းကျောင်းသားလို့သိရတယ်၊” ဟု ၎င်းကဆိုသည်။

ယင်း ရေနှစ်ပျောက်ဆုံးနေသည့်ကလေးသာ် KBC စစ်ရှောင်စခန်းတွင် နေထိုင်သည့်
၆ တန်းကျောင်းသားတစ်ဦးဖြစ်ကြောင်းနှင့် ၎င်း၏ရုပ်အလောင်းကို ပြန်လည်ရရှိနိုင်ရေးအတွက် တနိုင်းမြို့နယ် မီးသတ်တပ်ဖွဲ့များနှင့် လူကြီးမိဘများက ဝိုင်းဝန်းရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။