Trending Now

မြစ်ကြီးနားမြို့တွင် အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ယနေ့မှ စတင်ကာ ကျောင်းအပ်လက်ခံနေ

Spread the love

မြစ်ကြီးနားမြို့တွင် အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ယနေ့မှ စတင်ကာ ကျောင်းအပ်လက်ခံနေ

EPN
မြစ်ကြီးနား ၊ မတ်လ ၂၆

ယခုနှစ် ၂၀၂၂ ၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံကျောင်းများဖွင့်လှစ်နိုင်ရေး ကျောင်းအပ်လက်ခံမှုများကို ယနေ့ မေလ ၂၆ ရက်နေ့ မှ စတင်ကာ ကျောင်းအပ်လက်ခံနေပြီဖြစ်ကြောင်း မြစ်ကြီးနားမြို့ မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ ကျောင်းအပ်လက်ခံမှုများကို မေလ ၂၆ ရက်နေ့မှ စတင်ကာ ဇွန်လ ၁ ရက်နေ့အထိ ၇ ရက်ကြာ လက်ခံသွားမှာဖြစ်ပြီး အခမဲ့ ပညာသင်ကြားမှု အစီအစဥ်ဖြင့် ကျောင်းအပ်လက်ခံပေးနေကြောင်း မြစ်ကြီးနားမြို့ မြု့နယ် ပညာရေးမှုးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

” ပညာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ ၊ ၂၀၂၂ ၂၀၂၃ ပညာသင်နှစ် ကျောင်းဖွင့်လှစ်နိုင်ရေး ကျောင်းအပ်လက်ခံမူတွေကို ဒီနေ့ မေလ ၂၆ ရက်နေ့ကနေ စတင်ပြီး ဇွန်လ ၁ ရက်နေ့အထိ လက်ခံနေတယ်၊ ကျောင်းအပ်လက်ခံမှုပုံစံက အခမဲ့ ပညာသင်စရိတ် အနေနဲ့ လက်ခံပေးနေတယ်၊ နောက်ပြီး ကလေးငယ်တွေအတွက် ဖက်စာအုပ် ဗလာစာအုပ်၊ ခဲ့တံ ၊ ဘောပင်တွေကအစ မူလတန်းကျောင်းသူကျောင်းသားတွေအတွက်ဆိုရင်လဲ ၊ ကျောင်းဝတ်စုံတွေ ဒါတွေကို အခမဲ့ပေးဝေနေတယ်၊ ” ဟု ၎င်းကပြောသည်။

၎င်းအပြင် ကိုဗစ်ရောဂါအခြေအနေကြောင့် ယခင်ကဲ့သို့ ခုံတန်းရှည်များမဟုတ်ဘဲ တစ်ယောက်ထိုင် စာရေးစားပွဲ ခုံ၊ အလုံး ၃၈၀၀ ကျော်ကို ပြည်နယ် အခြေခံပညာရေးမှူရုံးထံတင်ပြထားကြောင်းသိရသည်။

ကိုဗစ်နိုင်တင်းရောဂါအခြေအနေကြောင့် စာသင်ကျောင်းများ ကို ၂ နှစ်ခန့်ရပ်နားခဲ့ရာမှ ၂၀၂၁ ၂၀၂၂ ပညာသင်နှစ်မှ စတင်ကာ ကျောင်းများပြန်လည်ဖွင့်လှစ်ခဲ့ကာ ကျောင်းသား ကျောင်းသူ ၂၃၀၀၀ ကျော်နှင့် စာသင်ကျောင်း ၁၅၅ ကျောင်းဖွင့်လှစ်ခဲ့ပြီး ယခုနှစ် ၂၀၂၂ ၂၀၂၃ ခုနှစ်တွင် စာသင်ကျောင်း ၁၅၇ ကျောင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။