Trending Now


Spread the love

ဗန်းမော်မြို ၌ လူငယ်တစ်ဦးကို ဓါးဖြင့်အချက်ပေါင်းများစွာ ထိုးသတ်သူအား တစ်ပတ်အတွင်းဖမ်းဆီးရမိ

EPN
ဗန်းမော်၊ ဧပြီ ၇


ဧပြီ ရက် နေ့ ညေ နာရီခန့်ကမြို့မစခန်းတွင် ဒုရဲအုပ်အေးကျော်သည် တာဝန်မှူး ဆောင် ရွက်နေစဉ်ဗန်းမော်မြို့ ဟန်းတဲရပ်ကွက် ကားကြီးကွင်း ပြုလုပ်မည့် မြေနေရာအနီး သုံးမိုင်ကွက်သစ်နှင့် ခိုကျင် ကျေးရွာ သွားလမ်းဘေးတွင်အမည်မသိ အမျိုသားတစ်ဦး သေဆုံးနေကြောင်းသတင်းရ ရှိသဖြင့် ရဲစခန်းမှူးဒုရဲမှူးခင်မောင်ငွေနှင့်ရဲတပ်ဖွဲ့ဝင်များ၊  ခိုကျင်ကျေး ရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထူးပါ() ဦး တို့ နှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း၊ ယင်းသေဆုံးသူမှာ နောက်ကျောဘက်တွင် ထိုးသွင်းဒဏ်ရာ ၈ချက်၊ ယာဘက်လည်ပင်းအောက်တွင် ထိုးသွင်း ဒဏ်ရာတစ် ချက်၊ ဝဲဘက်ချိုင်းအောက်တွင် ထိုးသွင်းဒဏ် ရာ တစ်ချက်တို့ကိုတွေ့ရှိခဲ့သည်ဟု ရဲတမ်းတွင်ဖေါ်ပြထားသည်။

ထို့အပြင် ယင်းသေဆုံးသူ အနီးမှ ဆိုင်ကယ်သော့တစ်ချောင်း၊ အသွား လက်မခွဲ အရိုး လက်မ ၊ အရိုးအသွား လက်မခွဲ ရှိ သံလက်ကိုင်ပါဓါး ဦးချွန် တစ်ချောင်းတို့ ကို တွေ့ရှိခဲ့ကြ၍ ရှာဖွေပုံဖြင့်သိမ်းဆည်းခဲ့ကြောင်း သိရသည်။ 

ထိုနောက် သေဆုံး သူအလောင်းအား ဗန်းမော်ပြည်သူ့ ဆေးရုံကြီးသို့ရဲဆေးစာနှင့်အတူ ပေး ပို့ခဲ့ပြီးသေဆုံးသူ လူငယ်မှာ ဗန်းမော်မြို့ ပေါက်ကုန်းရပ်ကွက်ပညာ့ ရိပ်သာရပ်နေ ( ဦးဇာတု)နှင့်ဒေါ်ကြည်ပြာ တို့ ၏သားမောင်ကုလား( )မောင်နိုင်လင်းထွန်း(၁၆ )နှစ်ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ဗန်းမော်မြိုမရဲစခန်းက ()၁၂၁/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂အရအမှုဖွင့်စစ်ဆေးလျှက်ရှိရာ ဧပြီလ၆ရက်နေ့တွင် ပြစ်မှုကျူးလွန်သူ  အောင်မင်းသူ (၁၉) နှစ် () ဦး တင်ထွန်း ၊ ပေါက်ကုန်းရပ်ကွက်ဗန်းမော်မြို့နေထိုင်သူအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဗန်းမော်သုခမိန်
————————————
ဗန်းမော်မြို့ ၌ လူငယ်တစ်ဦးကို ဓါးဖြင့်အချက်ပေါင်းများစွာ ထိုးသတ်သူအား တစ်ပတ်အတွင်း ဖမ်းဆီးရမိ

EPN
ဗန်းမော်၊ ဧပြီ ၇

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၌ လူငယ်တစ်ဦးကို ဓါးဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခဲ့သူအား ရဲတပ်ဖွဲ့၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် တစ်ပတ်အတွင်း ဖမ်းဆီးရမိခဲ့သည်။

ဧပြီ ၂ ရက် နေ့ညေ န ၆ နာရီခန့်က မြို့မစခန်းတွင် ဒုရဲအုပ်အေးကျော်သည် တာဝန်မှူး ဆောင် ရွက်နေစဉ် ဗန်းမော်မြို့ ဟန်းတဲရပ်ကွက် ကားကြီးကွင်း ပြု လုပ်မည့်မြေနေရာအနီး သုံးမိုင်ကွက်သစ်နှင့် ခိုကျင် ကျေးရွာ သွားလမ်းဘေးတွင် အမည်မသိ အမျိုသားတစ်ဦး သေဆုံးနေကြောင်း သတင်းရ ရှိသဖြင့် ရဲစခန်းမှူး ဒုရဲမှူးခင်မောင်ငွေနှင့်ရဲတပ်ဖွဲ့ဝင်များ၊  ခိုကျင်ကျေး ရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထူးပါ (၃) ဦး တို့နှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေး ခဲ့ကြကြောင်း၊ ယင်းသေဆုံးသူမှာ နောက်ကျောဘက်တွင် ထိုးသွင်းဒဏ်ရာ ၈ချက်၊ ယာဘက် လည်ပင်းအောက်တွင် ထိုးသွင်း ဒဏ်ရာတစ် ချ က်၊ ဝဲဘက်ချိုင်းအောက်တွင် ထိုးသွင်း ဒဏ် ရာ တစ်ချက်တို့ကို တွေ့ရှိခဲ့သည်ဟု ရဲတမ်းတွင်ဖေါ်ပြထားသည်။

ထို့အပြင် ယင်းသေဆုံးသူ အနီးမှ ဆိုင်ကယ်သော့တစ်ချောင်း၊ အသွား ၃ လက်မခွဲ၊ အရိုး ၅ လက်မ ၊ အရိုးအသွား ၈ လက်မ ခွဲ ရှိ သံလက်ကိုင်ပါ ဓါး ဦးချွန် တစ်ချောင်း တို့ကို တွေ့ရှိခဲ့ကြ၍ ရှာဖွေပုံဖြင့်သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ထိုနောက် သေဆုံး သူအလောင်းအား ဗန်းမော်ပြည်သူ့ဆေးရုံကြီးသို့ရဲဆေးစာနှင့်အတူ ပေး ပို့ခဲ့ပြီး သေဆုံးသူ လူငယ်မှာ ဗန်းမော်မြို့ပေါက်ကုန်း ရပ်ကွက်ပညာ့ရိပ်သာရပ်နေ ( ဦးဇာတု)နှင့် ဒေါ်ကြည်ပြာ တို့၏သား မောင်ကုလား(ခ )မောင်နိုင်လင်းထွန်း (၁၆ )နှစ်ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဗန်းမော်မြို မရဲစခန်းက (ပ )၁၂၁/၂၀၁၉ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ အရ အမှုဖွင့် ၍ စစ်ဆေးလျှက်ရှိရာ ဧပြီလ၆ရက်နေ့တွင် ပြစ်မှုကျူးလွန်သူ  အောင်မင်းသူ (၁၉) နှစ် (ဘ) ဦး တင်ထွန်း ၊ ပေါက်ကုန်းရပ်ကွက် ဗန်းမော်မြို့နေထိုင်သူအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဗန်းမော်သုခမိန်
 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။