Trending Now

ဖိလစ်ပိုင် သမိုင်းဝင် စာတိုက် အဆောက်အဦး မီးလောင်

Spread the love

ဖိလစ်ပိုင် သမိုင်းဝင် စာတိုက် အဆောက်အဦး မီးလောင်

EPN
နိုင်ငံတကာ၊ မေ ၂၂

ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာရှိ သမိုင်းဝင်စာတိုက်တစ်ခု အကြီးအကျယ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများက တနင်္လာနေ့ မေလ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့နှောင်းပိုင်းတွင် မီးလောင်မှု ဖြစ်ပွားပြီးနောက် ဆယ်စုနှစ်များစွာ သက်တမ်းရှိ အထင်ကရနေရာသို့ မီးသတ်ကား အစီးရေ ၈၀ ကျော် စေလွှတ်ခဲ့ကြောင်း မီးသတ်ဌာနက ပြောကြားခဲ့သည်။

မီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ရန် မီးသတ်သမားများသည် ခုနစ်နာရီကျော်ကြာ အချိန်ယူခဲ့ရပြီး “အဆောက်အအုံတစ်ခုလုံး မြေအောက်ထပ်ကနေ ပဉ္စမထပ်အထိ မီးလောင်သွားပြီ” ဟု စာပို့အုပ်ချုပ်ရေးမှုး လစ်စ် ကာလို့စ် ကပြောကြားခဲ့သည်။

မီးလောင်ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း ၎င်းကပြောကြားခဲ့ပြီး စာများ၊ ပါဆယ်ထုပ်များနှင့် စုဆောင်းထားသည့် တံဆိပ်ခေါင်းများအားလုံး အဆောက်အအုံထဲတွင် ရှိနေခဲ့ပြီး ပျက်စီးသွားဖွယ်ရှိကြောင်း ကားလို့စ်က ပြောကြားခဲ့သည်။

မူလက ၁၉၂၆ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် စာတိုက်သည် တစ်ချိန်က မနီလာရှိ “အကြီးကျယ်ဆုံး အဆောက်အအုံ” အဖြစ် သတ်မှတ်ခံခဲ့ရကြောင်း စာတိုက်ပိုင် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဒုတိယကမ္ဘာစစ်တွင် အမေရိကန်တပ်များက မြို့တော်ကို ဂျပန်တပ်များထံမှ ပြန်လည်သိမ်းယူစဉ် ပျက်စီးသွားခဲ့ပြီးနောက် ၁၉၄၆ ခုနှစ်တွင် ပြန်လည်တည်ဆောက်ခဲ့သည်။

ဖိလစ်ပိုင်အမျိုးသားပြတိုက်သည် ၂၀၁၈ ခုနှစ်တွင် စာတိုက် အဆောက်အဦးကို “အရေးကြီးသောယဉ်ကျေးမှုပိုင်ဆိုင်မှု” အဖြစ်ကြေငြာခဲ့သည်။

Ref; AFP


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။