Trending Now

အသတ်ခံရသည့် လေးမိုင် ဆရာတော်ကြီး၏ စျာပန ပူဇာအခမ်းအနားကို သီတင်းကျွတ်လပြည့်ကျော် ၁၄ ရက်နေတွင် ကျင်းပမည်

Spread the love

အသတ်ခံရသည့် လေးမိုင် ဆရာတော်ကြီး၏ စျာပန ပူဇာအခမ်းအနားကို သီတင်းကျွတ်လပြည့်ကျော် ၁၄ ရက်နေတွင် ကျင်းပမည်

EPN

မြစ်ကြီးနား၊ အောက်တိုဘာလ ၁၈

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ၄ မိုင်ကျေးရွာအနီးအောက်တိုဘာလ ၁၆ ရက်နေ့ ည ၇ နာရီခွဲခန့်တွင် KIA/PDF ပူးပေါင်းအဖွဲ့မှ ကျောင်းပေါ်သို့ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် သဒ္ဓမ္မပါလ ရေရှင်လေးမိုင်ကျောင်းတိုက်ကြီးမှ ဆရာတော်ကြီး ဘဒ္ဒန္တ သီလာနန္ဒ၏ အန္တိမ စျာပန ပူဇာသဘင် အခမ်းအနားကို အောက်တိုဘာလ ၂၃ ရက်နေ့ ( ၁၃၈၄ခုနှစ် သီတင်းကျွတ် လပြည့်ကျော် (၁၄)ရက်နေ့)တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဆရာတော် ဘဒ္ဒန္တ သီလာနန္ဒသည် အောက်တိုဘာလ ၁၆ ရက်နေ့က ကျောင်းပေါ်၌ သီတင်းသုံးနေစဥ်လူငယ် ၈ ဦးမှ လက်နက်များဖြင့် တက်လာကာ ဆရာတော်ကြီးအား သေနတ်ဖြင့် ၆ ချက် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ဆရာတော်ကြီး၏ ရုပ်ကလာပ်ကို အောက်တိုဘာလ ၂၃ ရက်နေ့မှတွင် အန္တိမ စျာပန ပူဇာသဘင် အခမ်းအနားပြုလုပ်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း ဆရာတော်ကြီး၏ တပည့်ဒါယကာရင်းဖြစ်သူ တစ်ဦးကပြောသည်။

” ဆရာတော်က အောက်တိုဘာလ ၁၆ ရက်နေ့ ည ၇နာရီခွဲ လောက်မှာ မသမာသူ လက်နက်ကိုင်တစ်စုရဲ့ လုပ်ကြံမှုကြောင်း ဘဝနတ်ထံပျံလွန်တော်မူခဲ့တာဖြစ်တယ်၊ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကို စံကျောင်းချ အခမ်းအနားနဲ့ ပြုလုပ်အုံးမှာဖြစ်တယ်၊ ပြီးမှ အန္တိမ စျာပမ ပူဇာသဘင်ကို ၂၃ ရက်နေ့မှာ ပြုလုပ်မယ်” ဟု ၎င်းကပြောသည်။

အဆိုပါ ဆရာတော်ကြီး၏ ရုပ်ကလာပ်ကို အောက်တိုဘာလ ၂၂ ရက်နေ့တွင် လက်ရှိရုပ်ကလာပ်ထားရာကျောင်းတော်ပေါ်မှ ၊ လှဲခါရုံမဏ္ဍာပ်သို့ ရွှေပြောင်းသည့်အခမ်းအနားကျင်းပပြုလုပ်မည်ဖြစ်ကာ အောက်တိုဘာလ ၂၃ရက်နေ့မှသာ အန္တိမ စျာပန ပူဇာသဘင်ကို ပြုလုပ်သွားမှာဖြစ်ကြောင်းသိရသည်။

ယခုကဲ့သို့ ဗုဒ္ဓသာသနာ ပြန့်ပွားရေး၊ တောင်တန်းဒေသ သာသနာ ပြန့်ပွားရေး များတွင် များစွာ ကြိုးပမ်းအားထုတ်ခဲ့သည့် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ သီလာနန္ဒ ပျံလွန်တော်မူခဲ့သည့်အတွက် များစွာ ဝမ်းနည်းမိပါကြောင်း ဆရာတော်ကြီး၏ တပည့် ဒါယကာမရင်းဖြစ်သူ တစ်ဦးကပြောသည်။

“ဆရာတော်ကြီးက ဘာသာရေးမှာဆိုလဲ အလွန်ပဲ ကြိုးစားအားထုတ်တဲ့ ဆရာတော်တစ်ပါးဖြစ်တယ်၊ မိုးကောင်းမြို့ရဲ့ဘာသာရေးပွဲတိုင်းမှာဆိုလဲ မပါမဖြစ် ဆရာတော် တစ်ပါးဖြစ်တယ်၊ ဆရာတော်ဘုရားအခုလို ဘဝနတ်ထံ ပျံလွန်တော်မူသွားတာဟာဆိုရင် အစားထိုးလို့မရတဲ့ ဆုံးရှုံးမှုကြီး တစ်ခုပါပဲ “ဟု ၎င်းကပြောသည်။

မိုးကောင်းမြို့နယ် လေးမိုင်ကျေးရွာ သဒ္ဓမ္မပါလ လေးမိုင်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက လေးကျွန်းမာရ်အောင် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဥက္ကဌ ပြည်လုံးချမ်းသာ ရွှေသာလျောင်းမြတ်စွာဘုရားကြီး၏ သြဝါဒ စရိယ ဝေဘူလတောင် တပ်ဦးကျောင်းတိုက်ကြီး၏ ပဓာန နာယက မြို့နယ်သံဃ နာယက တွဲဘက်အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒ န္တသီလာနန္ဒ၏ သက်တော်(၅၇)နှစ်သိက္ခာတော်(၂၇)ဝါ၏ အန္တိမ စျာပန ပူဇာသဘင်ပွဲကို ၁၃၈၄ခုနှစ် သီတင်းကျွတ် လပြည့်ကျော် (၁၄)ရက်နေ့ အောက်တိုဘာလ ၂၃ ရက်နေ့ တနင်္ဂနွေနေ့ညနေ ၃ နာရီအချိန်တွင် အန္တိမ စျာပနပူဇာသဘင်အခမ်းအနားကို သံဃာတော်အပါး (၁၅၀)ပင့်ဆောင်ကာ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းသိရသည်။

ပန်ပန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။