Trending Now

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ် ၀င်ခွင့် စာမေးပွဲတွင် ကျရှုံးခဲ့သည့် ကျောင်းသာ/သူများအနေဖြင့် ပြင်ပမှ လေ့လာသင်ယူ၍ သင်ရိုးသစ် တက္ကသိုလ် ၀င်ခွင့်စာမေးပွဲကို ၀င်ရောက်ဖြေဆိုနိုင်

Spread the love

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ် ၀င်ခွင့် စာမေးပွဲတွင် ကျရှုံးခဲ့သည့် ကျောင်းသာ/သူများအနေဖြင့် ပြင်ပမှ လေ့လာသင်ယူ၍ သင်ရိုးသစ် တက္ကသိုလ် ၀င်ခွင့်စာမေးပွဲကို ၀င်ရောက်ဖြေဆိုနိုင်

EPN
နိုင်ငံတကာ၊ ဇွန် ၉

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ် ၀င်ခွင့် စာမေးပွဲတွင် ကျရှုံးခဲ့သည့် ကျောင်းသာ/သူများနှင့် ၀င်ရောက်ဖြေဆိုခဲ့ခြင်းမရှိသူများ အနေဖြင့် ပြင်ပမှလေ့လာသင်ယူ၍သာ သင်ရိုးသစ် တက္ကသိုလ် ၀င်ခွင့်စာမေးပွဲကို ၀င်ရောက်ဖြေဆိုနိုင်မည်ဖြစ်ကြောင်း ပညာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ ကျောင်းသာ/သူများ အနေဖြင့် ကျောင်းတက်ရောက်ခွင့် ရရှိတော့မည် မဟုတ်သော်လည်း ပြင်ပသင်တန်းများတွင်သော်လည်ကောင်း ကိုယ်တိုင်လေ့လာသင်ယူ၍သော် လည်ကောင်း လေ့လာသင်ယူ၍ Greade 12 တက္ကသိုလ်၀င်ခွင့် စာမေးပွဲကို ၀င်ရောက်ဖြေဆိုနိုင်ကြောင်း ဖော်ပြပါရှိသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ် ၀င်ခွင့် စာမေးပွဲတွင် ၀င်ရောက်ဖြေဆိုသူ ၁၆၁၈၅၀ ဦးရှိခဲ့ပြီး အောင်မြင်သူ ၁၀၉၈၅၁ နှင့် ကျရှုံးသူ ၅၁၉၉၉ ဦးရှိခဲ့ကြောင်း ပညာရေး၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။