Trending Now

သံဃာတော်များအတွက် SPIC ကုမ္ပဏီမှ COVID-19 ကာကွယ်ရေးပစ္စည်းများ လှူဒါန်း

Spread the love

သံဃာတော်များအတွက် SPIC ကုမ္ပဏီမှ COVID-19 ကာကွယ်ရေးပစ္စည်းများ လှူဒါန်း

EPN
မြစ်ကြီနား၊ ဧပြီ ၁၅

မြစ်ကြီးနားမြို့ပေါ်တွင် သီတင်းသုံးနေတော်မူသော သံဃာတော်များအတွက် SPIC ကုမ္ပဏီမှ ဧပြီလ ၁၄ ရက်နေ့ တွင် မြစ်ကြီးနားမြို့ ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး ထံသို့ COVID-19 ကာကွယ်ရေးပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း သိရသည်။

SPIC ကုမ္ပဏီမှ မြစ်ကြီးနားဆက်ဆံရေးရုံး ဒုတိယ တာဝန်ခံ ဒေါ်ယဉ်ယဉ်နှင့် အဖွဲ့မှ ဧပြီလ ၁၄ ရက်နေ့တွင် ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက် ဆရာတော်ကြီးအား ဖူးမျှော်ကန့်တော့ကာ ကိုယ်အပူချိန်တိုင်းစက် (၂)လုံး၊ ပိုးသတ်ဆေးဗူးကြီး (၂)ဗူး၊ Sargical Mask အခု(၂၀၀၀)၊ လက်သန့်ဆေးရေ (၁၀၀)ဗူးတို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

“ကျမတို့ ကုမ္ပဏီအနေနဲ့ COVID 19 ကာကွယ်ရေးအတွက် ပြည်သူများနှင့် အတူ ရှိနေပြီး တတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းမှု ပြုနေပါတယ်၊ ဒီတစ်ခါမှာတော့ သံဃာတော်များအတွက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်” ဟု ဒေါ်ယဉ်ယဉ်က ဆိုသည်။

SPIC ကုမ္ပဏီက လှူဒါန်းခဲ့သည့် COVID-19 ကာကွယ်ရေးပစ္စည်းများကို ကချင်ပြည်နယ် သံဃနာယက အကျိုးတော်ဆောင် ဝန်းသိုကျောင်း ဆရာတော်ဘုရားကြီးမှ သံဃာတော် အရှင်သူမြတ်များထံသို့ ပြန်လည်ပို့ဆောင် လှူဒါန်းသွားမည် ဟု မိန့်ကြားသည်။

“အခုလို လာရောက် လှူဒါန်းတဲ့အတွက် သာဓုအနုမောဒနာ ခေါ်ဆိုပါတယ်၊ ဒီပစ္စည်းတွေကို သာသနာရေး ဦးစီးဌာနမှ တဆင့် သံဃာတော်ဆီကို ပြန်လည် ဖြန့်ဝေလှူဒါန်းသွားမှာ ဖြစ်ပါတယ်” ဟု ဆရာတော်ကြီးက မိန့်ကြားသည်။

SPIC ကုမ္ပဏီအနေနှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်တွင် COVID 19 ရောဂါ ထိန်းချုပ် ကာကွယ်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးလျှက်ရှိပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့ဝန်ထမ်းများ၊ မိဘမဲ့ကျောင်းများနှင့် လူသွားလူလာ များသည့် နေရာများတွင် COVID 19 ကာကွယ်ရေးပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း သိရသည်။

မင်းမင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။