Trending Now

အိန္ဒိယက အစ္စရေးထံမှ ဒေါ်လာ ၁၁၆ သန်းကျော်တန်ကြေးရှိ အပေါ့စားစက်သေနတ်များ ဝယ်ယူ

Spread the love

အိန္ဒိယက အစ္စရေးထံမှ ဒေါ်လာ ၁၁၆ သန်းကျော်တန်ကြေးရှိ အပေါ့စားစက်သေနတ်များ ဝယ်ယူ
 

EPN
နိုင်ငံတကာ မတ် ၂၆

အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက အမေရိကန်ဒေါ်လာ ၁၁၆ ဒသမ ၄ သန်း တန်ကြေးရှိ အပေါ့စား စက်သေနတ် Negev 7.62X51 mm ၁၆၄၇၉ လက် ဝယ်ယူရန် အစ္စရေးခဲယမ်းလက်နက်လုပ်ငန်း IWI နှင့် စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

“အိန္ဒိယလက်နက်ကိုင်တပ်ဖွဲ့ရဲ့ နောက်ဆုံးပေါ် ခေတ်မီအပေါ့စားစက်သေနတ်တွေ လိုအပ်နေတာ နောက်ဆုံးတော့ ဖြစ်လာခဲ့ပါပြီ။ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး ရတ်ရှာမန်ထရီရှရီရာနတ်ဆင်းရဲ့ အတည်ပြုမှုနဲ့အ တူ ကာကွယ်ရေးဝန်ကြီးဌာနက အမေရိကန်ဒေါ်လာ ၁၁၆ ဒသမ ၄ သန်း တန်ကြေးရှိ အပေါ့စား စက်သေနတ် Negev 7.62X51 mm ၁၆၄၇၉ လက် ဝယ်ယူဖို့ အစ္စရေးခဲယမ်းလက်နက်လုပ်ငန်း IWI နဲ့ ဝယ်ယူရေးစာချုပ် လက် မှတ်ရေးထိုးခဲ့ပါတယ်။” ဟု ကာကွယ်ရေးဝန်ကြီးဌာနက မတ်လ ၂၁ ရက်တွင် ထုတ်ပြန်ချက်တစ်ခုအတွင်း ပြော ကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၏ ခဲယမ်းလက်နက်ဝယ်ယူရေးကောင်စီ (DAC) က အပေါ့စားစက်သေနတ်များ ဝယ်ယူမည့် သဘောတူညီချက်ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အတည်ပြုခဲ့သည်။

IWI Negav NG7 အပေါ့စား စက်သေနတ်ကို ၂၀၁၂ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည်။ အဆိုပါ စက်သေ နတ်မှာ အလေးချိန် ၁၇ ဒသမ ၄၁ ပေါင်ရှိပြီး ၁၆ ဒသမ ၅ လက်မ သို့မဟုတ် ၂၀ လက်မ ပြောင်းများဖြင့် ပစ်ခတ် နိုင်သည်။

IWI Negav NG7 အပေါ့စား စက်သေနတ်များကို FTP ဝယ်ယူရေးအစီအစဉ်အရ ဝယ်ယူလျက်ရှိသည်။ FTP ဆိုသည်မှာ အမြဲတမ်းတပ်ဖွဲ့များ၊ အထူးတပ်ဖွဲ့များအတွက် အရေးပေါ် စစ်ဆင်ရေးလိုအပ်ချက်များ အတွက် ဝယ်ယူခြင်းကိုဆိုလိုသည်။

“ဒီအရေးတကြီး လိုအပ်နေတဲ့ အပေါ့စားစက်သေနတ်တွေ ဝယ်ယူခြင်းက ရှေ့တန်းက တပ်ဖွဲ့တွေရဲ့ယုံကြည်မှုကို မြှင့်တင်ပေးမှာဖြစ်ပြီး လက်နက်ကိုင်တပ်ဖွဲ့ရဲ့ များစွာ လိုအပ်နေတဲ့ တိုက် ခိုက်ရေးစွမ်းအားကို အထောက်အပံ့ဖြစ်စေမှာဖြစ်ပါတယ်” ဟု အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

အိန္ဒိယတပ်မတော်သည် FTP အစီအစဉ်အရ ရှေ့တန်းတပ်ဖွဲ့များအတွက် ချေမှုန်းရေးရိုင်ဖယ် ၇၂၄၀၀ လက်နှင့် ကာဘိုင် ၉၃၈၉၅ လက်လည်း ဝယ်ယူခဲ့သည်။

–ကိုးကား–Defenseworld
Ref; India Buys Light Machine Guns from Israeli Firm for $116.4M


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။